ကျိုက်ဒုံ နိုဝင်ဘာ ၁၆
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အမှတ် (၃)ရပ်ကွက် သစ္စာလမ်း အတွင်း၌ လှည့်လည်ပြီး ဟန်းစပီကာဖြင့် လိုက်လံနှိုးဆော်ခဲ့သည်။
ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နှိုးဆော်မှုများ ဆောင်ရွက်ရာတွင်ပြည်သူများအနေဖြင့် မိမိ နေအိမ်များတွင်သာ နေထိုင်ကြရန်၊ အရေးကြီးကိစ္စကြောင့် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းကို စနစ်တကျတပ်ဆင် သွားလာကြရန်၊ ပြင်ပမှလာသော ဧည့်သည်များအားလက်မခံပါရန်၊ နှာခေါင်းစည်း မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ ဈေးဝယ်ခြင်းမှရှောင်ကြဉ်ကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းနှင့် သွားလာခြင်းများကို ရှောင်ကြဉ်ရန်၊ ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေးကုသခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်ချက်များ ဟန်စပီကာဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်းသိရသည်။
သန်းထွန်းနိုင်(ကျိုက်ဒုံ)