ရွှေပြည်သာ နိုဝင်ဘာ ၁၅
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Book Club အဖွဲ့ဝင်များနှင့် WomanClub အဖွဲ့တို့ ပူးပေါင်း၍ စာပေဗဟုသုတများ တိုးပွားစေရန်နှင့် စာဖတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းကို ယနေ့ မွန်းလွဲ(၁)နာရီ အချိန်တွင် ရွှေပြည်သာမြိုနယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Center ခန်းမ၌ ကျင်းပခဲ့သည်၊၊
စာဖတ်ဝိုင်းတွင် ရွှေပြည်သာမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမိုးက စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက် အား ရှင်းလင်းပြောကြားပြီး တက်ရောက်လာကြသော Book Club အဖွဲ့ဝင်များနှင့် Woman Club အဖွဲ့ဝင်များက စာရေးဆရာမ ခင်စောတင့် ရေးသားသည့် “ဆုံးဖြတ်ဖို့ ခက်ခဲနေမယ်ဆိုရင်” စာအုပ်အားဖတ်ကြား ဆွေးနွေးခဲ့ပြီး တက်ရောက်လာကြသူများက အပြန်အလှန်ဆွေးနွေးခဲ့သည်၊ အဆိုပါစာဖတ်ဝိုင်းကို ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ ပြုလုပ်ခဲ့ကြောင်းသိရသည်။
နေမျိုးထွန်း(ပြန်/ဆက်)