အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျွန်းစုမြို့နယ်ရုံးမှ “ပန်းခင်းစီမံချက်”ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နိုဝင်ဘာလ(၁၀)ရက်နေ့မှ (၁၆)ရက်နေ့အထိ သဲချောင်းကျေးရွာအုပ်စု၌ လည်းကောင်း၊ နိုဝင်ဘာလ(၁၂)ရက်နေ့မှ (၁၄)ရက်နေ့အထိ ရေကန်တောင်ကျေးရွာအုပ်စု၌ လည်းကောင်း ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 16,2021
ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်   ရောဂါကူးစက်မှု လျော့နည်းကျဆင်းစေရေး၊ကျောင်းသား/သူများ အေးချမ်းဘေးကင်းစွာ ပညာသင်ကြားနိုင်ရေးအတွက် တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းနှင့်အလယ်တန်းအဆင့် (Grade-6 မှGrade-11) အတန်းများမှ (ပထမ)အကြိမ်၊ Sinovac အမျိုးအစား ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးဖြစ်သည့် အသက်(၁၂)နှစ်အထက်ကျောင်းသူ/သား ကျောင်းသူများအား ယမန်နေ့မှနံနက်ပိုင်းစ၍ (ဒုတိယ)အကြိမ်အဖြစ် ဆေးထိုးစုရပ်(၅)နေရာတွင် တစ်ပြိုင်တည်း စတင်ထိုးနှံပေးနေပြီဖြစ်ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။
Nov 16,2021
၂၀၂၁ခုနှစ်၊ မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး ဖွင့်လှစ်သည့် Physical Fitness Dance နည်းပြသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲကို ယနေ့နံနက် ၉နာရီခွဲက မော်လမြိုင်မြို့၊ ဖက်တန်းရပ်ကွက်၊ ပြည်နယ်အားကစားခန်းမ၌ ကျင်းပခဲ့သည်။
Nov 16,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့နယ်တွင် အသက် ၄၅ နှစ်ပြည့်ပြီးသူများ အား (Phase-4) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်)ကို သက်ဆိုင်ရာစုရပ်များအလိုက် ယနေ့ နံနက် ၉ နာရီအချိန်မှ စတင်ကာ ဒုတိယနေ့အဖြစ် အောင်ဆန်းသူရိယအေးချိုခန်း၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Nov 16,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြ်ု့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်း၍ ပန်းခင်းစီမံချက် အသိပညာပေး ဆွေးနွေးပွဲ (Talk Show)ကို ယမန်နေ့က လူထုအခြေပြု ဗဟိုဌာန Community Centre ၌ ကျင်းပခဲ့ သည်။
Nov 16,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ ယမန်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်က ပြင်ရွာကျေးရွာ၊ အုပ်ချုပ်ရေးမှူးရုံးတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 16,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၌ စာပေချစ်မြတ်နိုးသူ စာပေ ဝါသနာရှင်များ စုစည်း၍ Book Club စာဖတ်ဝိုင်းကို ယမန်နေ့က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကျင်းပပြုလုပ်ခဲ့သည်။