ရန်ကုန် နိုဝင်ဘာ ၁၅
နိုင်ငံတော်အစိုးရက ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ယူခွင့်အခွင့်အလမ်းများ ရရှိစေရန်နှင့် ကာကွယ်ဆေးလွှမ်းခြုံမှု အလျင်အမြန် ရရှိလာစေရေးအတွက် ယနေ့တွင် ကမာရွတ်မြို့နယ် အတွင်းရှိ အသက် ၁၂ နှစ်နှင့် အထက်ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနေမှု လုပ်ငန်းစဉ်များကိုကမာရွတ် မြို့နယ်အတွင်း ကျောင်းပေါင်း ၁၁ ကျောင်းမှာရှိတဲ့ အသက် ၁၂ နှစ်နဲ့အထက် အလယ်တန်းနဲ့ အထက်တန်း ကျောင်းသား၊ ကျောင်းသူ များကို ကာကွယ်ဆေး ပထမအကြိမ်အနေနဲ့ ယနေ့ နံနက်ပိုင်းက ကျန်ရှိနေသော ကျောင်းသားကျောင်းသူမျာကို စတင်ထိုးနှံပေးလျက်ရှိသည်။
မြို့နယ်အတွင်း အခြေခံကျောင်းများမှ ပညာသင်ကြားနေသော အသက်(၁၂)နှစ်အထက် ကျောင်းသား၊ ကျောင်းသူများကို ဆေးထိုးစုရပ်အဖြစ် အမှတ်(၁၀)ရပ်ကွက် အခြေခံပညာအထက်တန်းကျောင်း အ-ထ-က(၂) ဆေးထိုးစုရပ်နေရာမှာ ထိုးနှံပေးလျက်ရှိသည်။
ကမာရွတ်မြို့နယ်အတွင်း ဆေးထိုးနှံရန် သတ်မှတ်ထားသည့် စုရပ်နေရာများ၌ အသက် ၁၂ နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများကို နေ့ရက်အလိုက် သတ်မှတ်ထားသည့် လူဦးရေစာရင်းအပြင် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် ယင်းတို့၏မှီခိုမိသားစုဝင်များကိုလည်း ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ကာကွယ်ရေး နည်းလမ်းများနှင့် အညီ ကာကွယ်ဆေးထိုးနှံပေးလျက်ရှိသည်။
ကာကွယ်ဆေးထိုးမည့် စုရပ်နေရာများ၌လည်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် လက်ဆေး ဘေစင်များထားရှိ၍ လက်ဆေးစေခြင်း၊ Mask နှင့် Face Shield များ ဝေငှခြင်း၊ ဆေးထိုးရန် လာရောက်သည့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန် တိုင်းတာခြင်း၊ သွေးထဲတွင်ရှိသည့် အောက်စီဂျင်ပမာဏ တိုင်းတာခြင်းတို့ကို ဦးစွာ ဆောင်ရွက်ပြီး ယင်းလုပ်ငန်းစဉ်များ ပုံမှန်ဖြစ်မှသာ ကာကွယ်ဆေး ထိုးနှံပေးခြင်းဖြစ်ကာ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုများ လိုအပ်ပါက သမားတော်အဖွဲ့ဖြင့် ကုသပေးနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။
အခုထိုးပေးနေတဲ့ ကာကွယ်ဆေးသည် တရုတ်နိုင်ငံထုတ် Sinovac အမျိုးအစားဖြစ်ပြီး ဆေးတစ်လုံးကို နှစ်ဦးထိုးပေးပြီး တရုတ်နိုင်ငံတွင် အသက် သုံးနှစ်ကနေ ၁၇ နှစ်အထိ ကျောင်းသားတွေကို ဆေးထိုးပြီး စမ်းသပ်ထားတဲ့ ဆေးအမျိုးအစားဖြစ်ကြောင်း သုသေသနတွေလည်း ရှိပြီး ချီလီ၊ ကမ္ဘောဒီးယားနှင့် တရုတ်နိုင်ငံမှာလည်း ယခုဆေးအမျိုးအစားကို ထိုးနှံပေးနေပါကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးမီ အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘအုပ်ထိန်းသူများအား ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ပတ်သက်၍ ကြိုတင်အသိပညာပေး ခြင်းများ ဆောင်ရွက်ပြီး မိဘအုပ်ထိန်းသူများ၏ သဘောတူညီချက် လက်မှတ်ရရှိမှသာ ကာကွယ်ဆေး ကို ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည်။
ကာကွယ်ဆေး လာရောက်ထိုးနှံကြသည့် ကျောင်းသား၊ ကျောင်းသူများကို ကာကွယ်ဆေးထိုးနှံပြီး နောက်ဆက်တွဲပြဿနာ၊ အန္တရာယ်တစ်စုံ တစ်ရာရှိမရှိ သိရှိနိုင်ရန် နာရီဝက် စောင့်ကြည့်ပြီးမှသာ ပြန်လည်ထွက်ခွာခွင့်ပြုကြောင်းနှင့် ဆေးထိုးပြီး ၂၄ နာရီအတွင်း တစ်စုံတစ်ရာ ထူးခြားမှုရှိပါက ချက်ခြင်း သတင်းပေးပို့ အကြောင်းကြားနိုင်ရန် ဆောင်ရွက်ထားကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)