ထန်းတပင်(ရန်ကုန်)၊ နိုဝင်ဘာလ(၁၅)ရက်
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာနေပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိပြီး နိုဝင်ဘာလ(၁၄) ရက်နေ့က ကျွဲကူးကျေးရွာအုပ်စုရှိ ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ပန်းခင်းစီမံချက်ဖြင့် ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ထုတ်ပေးနိုင်ရေးအတွက် ထန်းတပင်မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာနေပြည်သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက် နေ့မှစတင်၍ဆောင်ရွက်ပေးလျက်ရှိပြီး ပြုလုပ်ဆောင်ရွက်ပြီးစီးသည့်နိုင်ငံသား စိစစ်ရေးကတ် ပြားများနှင့် အိမ်ထောင်စုလူဦးရေ စာရင်းများကိုလည်း ရပ်ကွက်၊ ကျေးရွာနေ ပြည်သူများ လက်ဝယ် အရောက်ပေးအပ်ဆောင်ရွက်လျက် ရှိကြောင်းလည်း သိရသည်။
ကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးရာတွင်လည်း ထန်းတပင်မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်ဆွေ၊ လဝကမှူးဒေါ်ဝင်းစန္ဒာနှင့် ဝန်ထမ်းများက ကြာအင်းကျေးရွာအုပ်စုအတွင်း အသက်(၁၀)ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားသူ(၂)ဦးနှင့် အသက်(၁၈)ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားသူ (၁၄၈)ဦး စုစုပေါင်းကျေးရွာနေ ပြည်သူ(၁၅၀)ဦးတို့ကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်(ထန်းတပင်)