ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းနှင့် Mask Campaign ဆောင်ရွက်

ကဝ နိုဝင်ဘာ ၁၆

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး  အသိပညာပေးနှိုးဆော်ခြင်းနှင့် Mask Campaign ပြုလုပ်ခြင်းကို  ကဝ-ပဲခူး လမ်းမကြီး ရှမ်းကန်လမ်းဆုံ၌  ယနေ့ နံနက် ၈ နာရီ ၃၀ အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။

ထိုသို့ဆောင်ရွက်ရာတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊    ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့များက  မြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့်  ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုကို ကာကွယ်နိုင်ရေးအတွက် နေအိမ်ပြင်ပ သို့ သွားလာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကိုမကြာခဏ ဆေးကြောရန်နှင့် တစ်ဦးနှင့် တစ်ဦး ခပ်ခွာခွာနေထိုင်ရန်တို့ကို အသိပညာပေးပြောကြားပြီး  ပါးစပ်နှင့် နှာခေါင်းစည်း Mask များ မပါသူများကို ယခုဝယ်ယခုတပ် စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကဝမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့ကျသော်လည်း ပြည်သူများအနေဖြင့် ကျန်းမာရေးဌာနက ထုတ်ပြန်ထားသော  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များကို ဆက်လက်လိုက်နာဆောင်ရွက်ရန်  လိုအပ်သည့်အတွက် လူစည်ကားရာနေရာများတွင် အသိ ပညာပေး နှိုးဆော်ခြင်းများကို   ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)