အမြို့မြို့အနယ်နယ်သတင်းများ

Nov 17,2021
တန်ဆောင်မုန်းလတွင် မဲဇလီဖူးများ လှိုင်လှိုင်ပေါ်လျက်ရှိရာ မဲဇလီဖူးရောင်းသူများ အဆင်ပြေ လျက်ရှိကြောင်း သိရသည်။
Nov 17,2021
မွန်ပြည်နယ်၊  သံဖြူဇရပ်မြို့နယ်၊ အံခဲ​ကျေးရွာနှင့်  ဝဲက​လောင်း​ကျေးရွာ၏   အ​နောက်ဘက်ပင်လယ်ကမ်းစပ်မှ နှစ်မိုင်ခန့်အကွာ ပင်လယ်ပြင်အတွင်း​ ကျောက်​ဆောင်ထက်၌ တည်ထား ကိန်းဝပ်တော်မူသော   ဆံ​တော်ရှင်  ကျိုက်နဲ​ရေလယ်ဘုရား   ဗုဒ္ဓပူဇနိယပွဲ​တော်ကို   နှစ်စဉ်တန်​ဆောင်မုန်းလပြည့်ကျော်(၃)ရက်​နေ့တွင် ကျင်းပ​ကြောင်း သိရသည်။
Nov 17,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကို ယနေ့ ညနေပိုင်းက အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေး ခန်းမဆောင်တွင် ကျင်းပခဲ့သည်။
Nov 17,2021
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာ ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ဆွေးနွေးခဲ့ကြောင်း သိရသည်။
Nov 17,2021
ရခိုင်ပြည်နယ်၊ မောင်တောမြို့၌ အခြေခံပညာကျောင်းများရှိ အသက်(၁၂)နှစ်အထက် ကျောင်းသား/သူ များအား (ဒုတိယ)အကြိမ်အဖြစ် ယမန်နေ့ နံနက် ၉ နာရီအချိန်က သတ်မှတ်စုရပ်နေရာ ကျောင်းများတွင် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 17,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယ​နေ့နံနက် ၉ နာရီ အချိန်က (၁၀၁)မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 17,2021
ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ အနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်းသိရှိရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင် တတ်သည့် အတွေးအခေါ်များ ရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပုံပြောပြိုင်ပွဲ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။