အမြို့မြို့အနယ်နယ်သတင်းများ

Nov 17,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၁၀၁)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲ အထိမ်းအမှတ် အသိပညာပေး (Talk Show) စာအုပ်ပြပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲတို့ကို မင်္ဂလာဒုံမြို့နယ် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ နံနက် ၁၀ နာရီကပြုလုပ်ကျင်းပခဲ့သည်။
Nov 17,2021
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် ၊အိမ်မဲမြို့နယ် အ-မ-က မြို့မ (၁)ကျောင်းတွင် (၁၀၁)နှစ်မြောက အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ဆေးရောင်ခြယ် ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Nov 17,2021
ကယားပြည်နယ်အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် ယမန်နေ့အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ၊ ၎င်းတို့နှင့်ထိတွေ့ ဆက်စပ်သူ(၁၀၃)ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၂၅)ဦးမှာ Positive ဖြစ်ပါသဖြင့် ယနေ့ပိုးတွေ့လူနာသစ် (၂၅)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော် ဆေးရုံကြီးတွင် (၇)ဦး၊ လွိုင်ကော်မြို့နယ်ရှိ (PMC)များတွင်(၂)ဦး၊ ဘောလခဲမြို့နယ် တပ်မတော်ဆေးရုံတွင် (၂)ဦး၊ ဘောလခဲမြို့နယ် (PMC)များတွင် (၇)ဦး၊ ရှားတောမြို့နယ်ရှိ (PMC)များတွင် (၇)ဦး ထားရှိ ကုသပေးလျက်ရှိကြောင်း သိရသည်။
Nov 17,2021
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community  Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူ အလယ်တန်းအဆင့် ကျောင်းသား/သူများနှင့် စာဖတ်ဝိုင်းကို နိုဝင်ဘာ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်က စာရေးဆရာ ချစ်နိုင်(စိတ်ပညာ)ရေးသာထားတဲ့ တန်ဖိုးရှိလှ လူငယ်ဘဝစာအုပ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 17,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး မကွေးခရိုင် ရေနံချောင်းမြို့ နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့နံနက် ၈ နာရီအချိန်တွင် ရေနံချောင်းမြို့ သစ်တပွေရပ်ကွက်ရှိ ဗန္ဓုလဓမ္မာရုံတွင် ဒေသခံပြည်သူများအား အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ကွင်းဆင်း ဆောင်ရွက်ပေးနေမှုကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် ကြည့်ရှုအားပေးခဲ့သည်။
Nov 17,2021
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့ ငါးလုပ်ငန်း ဦးစီးဌာနမှ ရှောက်ကုန်းကျေးရွာအုပ်စု၊ လက်ပံခုံ ကျေးရွာ ဦးမြင့်နိုင် (ကမ်းနီးငါးဖမ်းလုပ်ငန်းရှင်)၏ ပိုက်စခန်းတွင် ယမန်နေ့ နံနက် (၈)နာရီအချိန်က သယံဇာတ ထိန်းသိမ်းရေး ပညာပေး ဟောပြောပွဲကို ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 17,2021
မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်တွင် (၁၀၁)ကြိမ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို နိုဝင်ဘာ ၁၆ ရက်နေ့ မွန်းလွဲ(၁)နာရီ အချိန်ခန့်က(အ.မ.က) တကူကနာကျောင်းတွင် ချောင်းဆုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ဝန်ထမ်းများမှ ကွင်းဆင်း ဟောပြောခဲ့သည်။
Nov 17,2021
ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ရောဂါ တတိယလှိုင်းအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံတက်ကြွစွာ ဆောင်ရွက်ခဲ့သော ကျန်းမာရေး ဝန်ထမ်းများ အပါအဝင် သက်ဆိုင်ရာ ကဏ္ဍအသီးသီးတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ဝန်ထမ်းများ၊ အသင်းအဖွဲ့များနှင့် အလှူရှင်များအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီက ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ချင်းပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။