ကျိန္တလီ နိုဝင်ဘာ ၁၆
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် တန်းဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ် မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် Talk Show ဆွေးနွေးပွဲကို ယနေ့နေ့လည်(၂)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးခိုင်မိုးမင်း (ရုပ်သံကျွမ်းကျင်-၃)က (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် ဆွေးနွေးပွဲပြုလုပ်ရခြင်း၏ ရည်ရွယ် ချက်များအား ရှင်းလင်းပြောကြားခဲ့ပြီး အ.မ.က(စံပြ)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းနွယ်က ယနေ့သည် ၂၀၂၁ခုနှစ် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်သည်။ မြန်မာနိုင်ငံသားတိုင်း အမျိုးသားအောင်ပွဲ နေ့ဖြစ်ပေါ်လာပုံနှင့်အမျိုးသားနေ့ အနှစ်သာရကို သိရှိထားသင့်သည်။ အမျိုးသားအောင်ပွဲနေ့ဟူသည် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကို ၁၉၂၀ ပြည့် နှစ်၌ ဗြိတိသျှအစိုးရက ကြေညာခဲ့၍ ထိုဥပဒေကို မကျေနပ်သဖြင့် ပထမဆုံးကန့်ကွက်သည့် ကျောင်းသားသပိတ် ဆင်နွှဲသည့်နေ့ဖြစ်သည်။ ယနေ့ခေတ်တွင် လူငယ် ၊ လူရွယ်များအနေဖြင့် မျိုးချစ်စိတ်ဓါတ် ရှင်သန်ထက်မြတ်ပြီး မိမိတို့နိုင်ငံအပေါ် ချစ်မြတ်နိုးသောစိတ် တိုင်ပြည်အတွက် အားထားရသည့် လူတော်လူကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ချက်ဖြင့် အ.မ.က (စံပြ) ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စမ်းစမ်းနွယ်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်း အား အကျဉ်းချုပ် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
ခိုင်မိုးမင်း(ပြန်/ဆက်)