လိပ်သို နိုဝင်ဘာ ၁၇
ကျောင်းသား၊ ကျောင်းသူ ကလေးသူငယ်များ အနေဖြင့် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်းသိရှိရန်၊ အားလပ်ချိန်များကို အကျိုးရှိစွာ အသုံးချတတ်ရန်၊ ဉာဏ်ရည်ဉာဏ်သွေး မြှင့်မားလာစေရန်၊ ကိုယ်ပိုင်တီထွင် တတ်သည့် အတွေးအခေါ်များ ရှိစေရန်၊ စာကြည့်တိုက်ကို အသုံးပြုတတ်စေရန် ရည်ရွယ်၍ ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ကလေးစာဖတ်ခန်းတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပုံပြောပြိုင်ပွဲ ပြုလုပ်ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းတွင် မြို့နယ်ဦစီးမှူး နော်နီလာအေးက ကလေးသူငယ်များအနေဖြင့် အမျိူးသား အောင်ပွဲနေ့ ဖြစ်ပေါ်လာပုံ အကြောင်းသိရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာ ဗဟုတတိုးပွား လာစေရန် အတွက် ယခုကဲ့သို့ ပြိုင်ပွဲများ ပြုလုပ်ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် ကိုဗစ်-၁၉ရောဂါ စည်းကမ်းချက်များနှင့်အညီ မူလတန်းအဆင့် ပုံပြောပြိုင်ပွဲ ပြုလုပ်ပေးပြီး ဆုရရှိသူများအား ဆုများ ချီးမြှင့် ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)