မိုင်းခတ် နိုဝင်ဘာ ၁၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ပွဲကို ယနေ့ ညနေပိုင်းက အခြေခံပညာ အထက်တန်းကျောင်း အစည်းအဝေး ခန်းမဆောင်တွင် ကျင်းပခဲ့သည်။
ထိုသို့ပေးအပ်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးလှမြင့်၊ မြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာကြီးတို့က အသက်(၁၀)နှစ်ပြည့် ကျောင်သား(၂၆)ဦး၊ ကျောင်းသူ(၂၆)ဦး၊ စုစုပေါင်း(၅၂)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပေးအပ်ပွဲသို့ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးလှမြင့်နှင့် ဝန်ထမ်းများ၊ မြို့နယ်ပညာရေးမှူး ဦးအေးလင်း၊ ကျောင်းအုပ်ဆရာကြီး ဦးမောင်မြင့်လွင်နှင့် ဆရာ/မများ တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)