ညောင်ဦး နိုဝင်ဘာ ၁၇
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Center) ခန်းမ၌ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း Book Club ၏ စာပေရေးရာ ဆွေးနွေးပွဲကို ယမန်နေ့ ညနေ ၄ နာရီအချိန်က ဆွေးနွေးခဲ့ကြောင်း သိရသည်။
အဆိုပါ စာပေရေးရာ ဆွေးနွေးပွဲတွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းမှ အဖွဲ့ဝင် ဒေါ်လှိုင်လှိုင်ဝင်းထိုက်၊ ညောင်ဦးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်မေသန္တာအောင်၊ မြို့နယ်ဦးစီးမှူး ဒေါ်ချိုချိုမာတို့က အမှာစကား ပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူ အသင်းဝင်များက လူငယ်များအတွက် အတွေးအမြင် စာစုများဖြစ်တဲ့ စာရေးဆရာ အောင်ကိုဦး(UMK)ရေးသားထားသည့် ကတိစကားလေးတစ်ခွန်း စာအုပ်အား ဆွေးနွေးကြသည်။
အဆိုပါစာအုပ်တွင် အကြောင်းအရာ ခေါင်းစဉ် ၃၁ ပုဒ်ပါဝင်ပြီး စာမျက်နှာ ၁၁၁ မျက်နှာ ပါဝင်ကြောင်း သိရသည်။
ကိုထိန်၊KPD