နတ်တလင်းမြို့နယ် Community Centre ခန်းမတွင် အသိပညာပေးTalk Show ဆောင်ရွက်

နတ်တလင်း  နို၀င်ဘာ ၁၇

ပဲခူးတိုင်းဒေသကြီး၊ သာယာ၀တီခရိုင်၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမတွင် ယ​နေ့နံနက် ၉ နာရီ အချိန်က (၁၀၁)မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်  အသိပညာပေး  Talk Show ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ (၁၀၁)နှစ်မြောက် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ်အသိပညာ‌ပေးTalk Show  ဆောင်ရွက်ခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်လဲ့ဝါမြင့်က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး သိလိုသည်များကို မေးမြန်ရာ စာပေဗိမာန် စာမူဆုရ စာရေးဆရာညွှန့်၀င်း(နတ်တလင်း)မှ အမျိုးသားအောင်ပွဲနေ့၏ အဓိပ္ပယ်၊ အမျိုးသားနေ့ ဖြစ်ပေါ်လာပုံ သမိုင်းအကျဉ်း၊ အမျိုးသား စိတ်ဓာတ်နှင့် ပက်သက်သည့် အကြောင်းအရာများကို ‌ဆွေးနွေး ခဲ့ကြသည်။

ထိုသို့ Onlineစနစ်ဖြင့် ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေး Talk Show အစီအစဉ်များကို ဌာနဆိုင်ရာများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်း၍ အလှည့်ကျ စီစဉ်တင်ဆက် သွားမည်ဖြစ်ကြောင်း သိရသည်။

ဝေယံဖြိုး(ပြန်/ဆက်)