ကယားပြည်နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိသူ (၁၇)ဦးရှိပြီး ဆေးရုံဆင်းခွင့်ရသူ (၅၀၈၅) ဦးရှိ

လွိုင်ကော် နိုဝင်ဘာ ၁၉

လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် Genexpert ဖြင့် (၂)ဦး စစ်ဆေးခဲ့ရာ(၂)ဦး ပိုးတွေ့ရှိခဲ့ပြီးကယားပြည်နယ် အတွင်းရှိ မြို့နယ်များတွင် Quarantine ထားရှိသူများနှင့် နိုဝင်ဘာလ (၁၈)ရက်နေ့ အထိ အနံ့ပျောက်၍ လာရောက်ပြသသူများ ၊ ၎င်းတို့နှင့် ထိတွေ့ဆက်စပ်သူ( ၈၉) ဦးတို့အား Covid-19 Antigen Rapid Diagnostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ (၁၅) ဦးမှာ Positive ဖြစ်ပါသဖြင့် ပိုးတွေ့လူနာသစ် (၁၇)ဦးရှိရာ ၎င်းပိုးတွေ့လူနာများအနက် လွိုင်ကော်​ဆေးရုံကြီးတွင် (၇) ဦး၊ ရှားတော မြို့နယ်ဆေးရုံတွင် (၃)ဦး၊ ရှားတောမြိုနယ်ရှိ(PMC)များတွင် (၆)ဦး၊ ဖားဆောင်းမြို့နယ်ဆေးရုံတွင် (၁)ဦး ထားရှိကုသပေးလျက်ရှိကြောင်း သိရှိရသည်။

ယနေ့တွင် ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာသစ် (၁၇) ဦးရှိရာ ယခုထပ်မံ တွေ့ရှိချက်အရ ကယားပြည်နယ်တွင် အတည်ပြုလူနာစုစုပေါင်း (၅၆၅၁) ဦး၊ ဆေးရုံဆင်း လူနာ(၅၀၈၅)ဦးရှိပြီး သေဆုံးလူနာ စုစုပေါင်းမှာ(၂၂၂)ဦးရှိပြီဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် (၆၇) ဦး၊ Positive Medical Centre များတွင် (၂၂)ဦး၊ ဘောလခဲမြို့နယ်တွင် (၆၈)ဦး၊ ဖားဆောင်းမြို့နယ်တွင် (၄၀)ဦး၊ မယ်စဲ့မြို့နယ်တွင် (၂၄)ဦး၊ ရှားတောမြို့နယ်တွင် (၁၂၂)ဦးနှင့် မိုးဗြဲဆေးရုံတွင်(၁)ဦး​စုစုပေါင်းလူနာ (၃၄၄) ဦးတို့အား ကုသပေးလျက်ရှိကြောင်း ကယားပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရှိရသည်။

ခရိုင်(ပြန်/ဆက်)