ကော့သောင်း နိုဝင်ဘာ ၁၉
ကော့သောင်းမြို့နယ် သံဃနာယကဥက္ကဋ္ဌ (မူလဒွာရ) ရွှေမင်းဝံပုညကုသလကျောင်းတိုက် မဟာဘုံကထိန် အလှူတော်အား ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းတိုက်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ အခမ်းအနားအား တက်ရောက်လာသည့် ဆရာတော်သံဃာတော်ကြီးများ၊ စစ်ဗျူဟာအဖွဲ့ (အခြေချ) (ကော့သောင်း)၊ စစ်ဗျူဟာမှူး၊ ကော့သောင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများ ဧည့်ပရိတ်သတ်များက နမောတသ သုံးကြိမ်ရွတ်ဆို ဖွင့်လှစ်ကာ မြို့နယ်သံဃနာယက ဥက္ကဋ္ဌ (မူလဒွာရ) ရွှေမင်းဝံပုညကုသလ ကျောင်းတိုက်၊ ပဓာနနာယကဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တပညာဇောတထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ပရိတ်တရားတော်များ နာယူကြည်ညိုကြကာ စစ်ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ဇော်လင်း၊ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးအောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ဌာနဆိုင်ရာများမှ ကထိန်ခံကထိန်လျှာဥတ်သင်္ကန်း အခြံအရံသင်္ကန်းနှင့် လှူဖွယ်ဝတ္ထု များ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတမ်းပေးဝေကြပြီး အခမ်းအနား အား ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုရုတ်သိမ်းလိုက်ကာ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းပြီး ဧည့်ပရိတ် များအား နေလယ်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။
ကျော်စိုး (ကော့သောင်း)