ဘီးလင်း နိုဝင်ဘာ ၁၉
သထုံခရိုင်၊ ဘီးလင်းမြို့နယ်တွင် ကျိုက်ထီးဆောင်း ဆံတော်ရှင် စေတီတော်၌ တန်ဆောင်းမုန်း လပြည့်နေ့ ညတွင် ဘုရားဖူးပြည်သူများ အေးချမ်းစွာ လာရောက်ဖူးမျှော် လျက်ရှိကြသည်။
ဘီးလင်းမြို့နယ်၏ ထင်ရှားသော ကျိုက်ထီးဆောင်း ဆံတော်ရှင်စေတီသို့ မြို့နယ်အတွင်းရှိ ဘုရားဖူး ပြည်သူများ သာမက အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများပါ လာရောက် ဖူးမျှော်လျက်ရှိကြသည်။
တန်ဆောင်မုန်းလပြည့်နေ့နှင့် လပြည့်ကျော် ၁ ရက်နေ့များတွင်လည်း ရပ်ကွက်၊ ကျေးရွာအလိုက် အလှူရှင်များက စတုဒီသာများအဖြစ် မုန့်ဟင်းခါး၊ အကြော်စုံ၊ မစ်ရှိတ်၊ ကြာဇံဟင်းခါး စသည့် အစားအသောက်များ ကိုလည်း ကျွေးမွေးလှူဒါန်းကြကြောင်းလည်း သိရသည်။
ထူးနောင် ဘီးလင်း