ကျိုက်လတ်မြို့နယ် ဝါးကောက်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူ (၂၀၇)အား နေ့ချင်းပြီးဆောင်ရွက်ပေး

ကျိုက်လတ်    နိုဝင်ဘာ    ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဆိုင်ရာ ဝန်ကြီးဌာနမြို့နယ်ဦးစီးမှူးရုံးမှ  လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ ဆောင်ပုဒ်နှင့် အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား တစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက် ၉ နာရီကဝါးကောက်ကျေးရွာအုပ်စုတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဝါးကောက်ကျေးရွာအုပ်စုရှိ၁၀ နှစ် ပြည့်နိုင်ငံသား စိစစ်ရေး ကတ်ပြားပေါင်း(၃၇)ဦး၊၁၈ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၂၅)ဦး၊ ၁၀နှစ် ပြည့် နှင့် ၁၈နှစ် ပြည့်လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေါင်း(၈၆)ဦး၊နှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပျောက်ဆုံး/ ပျက်စီးမိတ္တူ ထုတ်ပေးမှု  ပေါင်း(၅၉)ဦး၊ စုစုပေါင်း စုစုပေါင်း(၂၀၇)ဦးအား နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

ဌေးဌေးလှိုင်