ပြင်စလူမြို့တွင် ရပ်ကွက်များအတွင်း အသိပညာပေးနှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့်ဆက် လက်ဆောင်ရွက်ပေး

ပြင်စလူ     နိုဝင်ဘာ    ၁၅

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ ပြင်စလူမြို့တွင်  ရပ်ကွက်များအတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများကို  မိဘပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်ရေးအတွက် အသိပညာ ပေးနှိုးဆော်ကြေညာပေးခြင်းကို ယနေ့ နံနက် ၉ နာရီ မှစ၍ ပြင်စလူမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့်မြို့စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ  ကာကွယ်ရေး နည်းလမ်း များ အား  Sound Box  စက်ဖြင့်အရှိန်အဟုန်မြှင့်  လိုက်လံအသိပေးနှိုးဆော်ခဲ့ ကြောင်းသိရ သည်။

ထိုသို့အသိပညာပေး နှိုးဆော်ရာတွင်  မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုး နှံပြီးသော်လည်း ကိုဗစ်-၁၉ ရောဂါဆက်လက်ရှိသေးသည့်အတွက် နေအိမ်ပြင်ပသို့ မဖြစ်မနေထွက်ခွာ ပါက (Mask) နှာခေါင်းစည်း စနစ်တကျ တပ်ဆင်ရန်၊ အခြားသူများနှင့် အနည်းဆုံး(၆) ပေအကွာမှ ခပ်ခွာခွာနေပါ၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်း၊ စကားပြောခြင်း၊ စျေးဝယ်ခြင်းများမှ ရှောင်ကြဥ်ပါ၊ တစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း  လက်ကို ဆပ်ပြာရေဖြင့် စက္ကန့်(၂၀)ကြာအောင် စနစ်တကျ လက်ဆေးပါ ၊ အတူနေ မိသားစုအတွင်း ဖျားနာသူများ ရှိပါက အိမ်တွင်သာ နေထိုင်စေပြီး ကိုဗစ်-၁၉ ရောဂါ လက္ခဏာများခံစားရလာပါက သက်ဆိုင်ရာ ရပ်ကွက် ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများမှတစ်ဆင့် ကျန်းမာရေး ဌာနသို့ ဆက်သွယ်၍ ဆေးကုသမှုခံယူရန်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီး သော်လည်း ကာကွယ်ရေး လုပ်ငန်း များကို ဆက်လက် လိုက်နာကြရန် စသည့် ကြေညာချက်များကို  ကိုယ်စီလိုက်နာ ဆောင်ရွက်ခြင်းဖြင့် ရောဂါထိန်းချုပ်ရေး လုပ်ငန်း များတွင် ပူးပေါင်း ပါဝင်ဆောင် ရွက်သွားကြရန် တို့ကို အများ ပြည်သူလိုက်နာနိုင်ရေးအတွက် အသိပညာပေးနှိုးဆော် ကြေညာ ခြင်းများကိုဆက်လက်ဆောင်ရွက်ခဲ့သည်။

ဇော်ဝင်းထွန်း