မချမ်းဘော့ နိုဝင်ဘာ ၁၅
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ကူးဗစ် - ၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးကော်မတီနှင့် ဌာနဆိုင်ရာများပူးပေါင်းကာ လူသွားလူလာများသည့်နေရာများ ၊ဂူဘားလမ်းဆုံ နှင့် စည်ပင်သာယာမြို့မဈေး၌ ယနေ့နံနက် ၆ နာရီ အချိန်တွင် Mask Campaignပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မချမ်းဘော့မြို့ယ်တွင် ကိုဗစ်-၁၉ရောဂါကူးစက် များပြားလာသဖြင့် ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် လမ်းသွားလမ်းလာပြည်သူများ ၊ဈေးရောင်း ဈေးဝယ်သူများ အား Mask တပ်ဆင်စေရေး မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ကုသရေးကော်မတီ ဥက္ကဋ္ဌ ဦး ဝေယံမင်းသွင်၏ ဦးဆောင်မှုဖြင့်၊မြို့နယ် ကိုဗစ် -၁၉ရောဂါ ထိန်းချုပ်ကုသရေးကော်မတီ မြို့နယ် ရဲတပ်ဖွဲ့၊မြို့နယ်မီးသတ် တပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာ၊ မြို့နယ် ကျန်းမာရေး၊ မြို့နယ်ကြက်ခြေနီ တပ်ဖွဲ့နှင့် မြို့နယ် ပြန်/ဆက်ဌာနတို့ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။
မချမ်းဘော့(ပြန်/ဆက်)