ဒေါပုံ နိုဝင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ ဒေါပုံမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု ကျဆင်းလာသော်လည်း ရောဂါပျံ့နှံ့မှုများ ကာကွယ်ထိန်းချုပ်နိုင်ရေး လုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ဆိုင်ရာစည်းမျဉ်း စည်းကမ်းသတ်မှတ် ချက်များ အတိုင်းသွားလာနေထိုင်ကြရန်နှင့် မြို့နယ်အတွင်းနိုဝင်ဘာလ ၁၅ ရက်နေ့မှစ၍ အ.ထ.က(၁)ကျောင်းတွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံ နိုင်ရေး အသိပေးကြေညာလျက်ရှိရာ ယနေ့ညနေ ၆ နာရီ အချိန်တွင် ယမုံနာရပ်ကွက်အတွင်း လှည့်လည်၍ အသိပေး ဆောင်ရွက်ခြင်းများပြုလုပ်ခဲ့ပါသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့်မြို့နယ် အသိပညာပေးရေး ကော်မတီမှ ပြည်သူများ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်း သွားလာနေထိုင်ကြရန်နှင့် အပြင်ထွက်တိုင်း နှာခေါင်းစည်း Mask စနစ်တကျ တပ်ဆင်သွားလာကြရန်နှင့် ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသေးသည့် အသက် (၄၀)နှစ်အထက် မသန်စွမ်းသူများနှင့် နာတာရှည်ရောဂါ ရှိသူများအား နိုဝင်ဘာလ ၁၅ ရက်နေ့ မှ ၁၆ ရက်နေ့ထိ နံနက် ၉ နာရီမှ မွန်းလွဲ ၃ နာရီထိ ပထမအကြိမ် ကာကွယ်ဆေးများထိုးပေးသွားမည် ဖြစ်ကြောင်း ရပ်ကွက်အတွင်း အသိပေး ကြေညာခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)