လှိုင်းဘွဲ နိုဝင်ဘာလ ၁၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ မြိုင်ကြီးငူအထူးဒေသ၊ အင်းနို့သိပ္ပံကျေးရွာတွင် စုပေါင်း မဟာဘုံ ကထိန် မင်္ဂလာပွဲအခမ်းအနားကို ယမန်နေ့က တစ်ကမ္ဘာလုံး အေးမွှေးငြိမ်းချမ်းသာယာ အဓိဌာန် ပါရမီဆုပန် ဓမ္မညီ နောင် ဆုတောင်းပြည့်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ဘားအံမြို့နယ် ၊ ဝင်းဒရယ်ကျေးရွာအုပ်စု၊ ဝင်းဒရယ်ကျေးရွာရှိ ကြာအင်းပေါ်တော်မူ ကျောင်း ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ နန္ဒသာရ က မဟာဘုံကထိန် သင်္ကန်းကပ် လှူရခြင်း၏ အကျိုးတရားများ၊ မင်္ဂလာတရားတော်များ၊ နိဗ္ဗာန်ရောက်ကြောင်း တရားတော် ဟောကြား ခဲ့ပြီး ဘုန်းတော်ကြီးကျောင်းများမှ ပင့်ဖိတ် ဆရာတော်/ သံဃာတော်များအား အလှူရှင်များက ကထိန် သင်္ကန်း ကပ်လှူပူဇော်ခြင်း၊ အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကာ လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ရေစက်ချသွန်းချ အမျှဝေပေးခဲ့ကြောင်း သိရှိရသည်။
မြို့နယ် (ပြန်/ဆက်)