အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ ပုံပါကျင်မြို့၌ နိုင်ငံသားတစ်ဦး၏တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ အထောက်အကူဖြစ်စေနိုင်ရေးအတွက် ပန်းခင်း စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်ပေးခြင်းကို ယမန်နေ့နံနက်ပိုင်းကစတင်၍ နမ့်ဟူးခွန် ကျေးရွာအုပ်စု၊ ပါချီးကျေးရွာတွင် ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 15,2021
ရန်ကုန်တိုင်းဒေသကြီးအစိုးအရ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့၏ စီစဉ်မှုဖြင့်ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးကာလအတွင်း အမှန်တကယ်လိုအပ်သော အခြေခံ စားသောက်ကုန်များ ဝယ်ယူစားသုံးနိုင်ရေးအတွက်
Nov 15,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းများမှ  အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ပထမအသုတ် ဒုတိယ အကြိမ်အဖြစ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး(Sinovac) ထိုးနှံပေးခြင်းအား ယနေ့နံနက် ၁၀ နာရီ က ဝေါလေမြိုင်မြို့၊ အခြေခံပညာ အထက်တန်းကျောင်း၌ ကာကွယ်ဆေးများ ထိုးနှံပေးသည်။
Nov 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျုံပျော်မြို့နယ်တွင် အသက် (၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံ‌ ပေးလျက် ရှိရာ၊ ယခု ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံခြင်းအဖြစ် ပင်လုံရပ်ကွက်၊ အထက-၂ ကျုံပျော် ဆေးထိုးစုရပ်၌ နိုဝင်ဘာ ၁၅ ရက်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ''ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သော အနာဂတ် ပန်းခင်းများဆီသို့'' ဆိုသည့်အတိုင်း အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ဆင့် အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား/ ကျောင်းသူများအား ''ကျန်းမာပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ဖို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးကြပါစို့'' ဆောင်ပုဒ်နှင့်အညီ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းနှင့် အမှတ်(၂)အခြေခံပညာ အထက်တန်း ကျောင်းတို့တွင် ထိုးနှံပေးသည်။
Nov 15,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ပထမအကြိမ် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပြီးသည့် ဒေသခံပြည်သူများကို ယနေ့နံနက်ပိုင်း က ဆေးထိုးစုရပ် (၄)နေရာတွင် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ဆက်လက်ထိုးနှံဆောင်ရွက်ပေးရာ ယနေ့ ဒေသခံပြည်သူ ၂၅၈၀ ဦး ဒုတိယအကြိမ် ကာကွယ်ဆေး လာရောက်ထိုးနှံခဲ့ကြောင်း ပွင့်ဖြူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။
Nov 15,2021
၂၀၂၁ ခုနှစ် နို၀င်ဘာလ (၂၈)ရက် နေ့တွင်ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောခြင်းကို ထား၀ယ်ခရိုင်၊ သရက် ချောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမ၌ ယနေ့နံနက် (၁၀)နာရီအချိန်ခန့်ကအသိပညာပေးဟောပြော ဆောင်ရွက်ခဲ့သည်။
Nov 15,2021
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးခန်းတို့ ပူးပေါင်း၍ တိုင်းရင်းဆေးပညာသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယနေ့ နံနက်(၁၀)နာရီ က ပျော်ဘွယ် မြို့နယ်ရုံး Community Centre ခန်းမတွင်ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။