ဗန်းမော်မြို့တွင်(၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲ ဆောင်ရွက်

ဗန်းမော်      နိုဝင်ဘာ   ၁၅

ကချင်ပြည်နယ် ဗန်းမော်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်      စာပေဝါသနာရှင် များ ပူးပေါင်း၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ကျရောက်မည့်အမျိုးသား အောင်ပွဲနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့်(၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက်(၁၀)နာရီခန့်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထု အခြေပြုဗဟိုဌာန Community  Centre ခန်းမ၌ ကျင်းပခဲ့ပါသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်လွန်းနန်းထွေးက ဆွေးနွေးပွဲ ပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာပေဝါသနာရှင် ဦးမိုးတင်က အမျိုးသား အောင်ပွဲနေ့ဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို  ဆွေးနွေးပြောကြားကာ တက်ရောက်လာသည့် စာပေ ဝါသနာရှင် ဒေါ်ချိုချိုမြင့်က အမျိုးသားအောင်ပွဲနေ့ကို ယနေ့ခေတ်လူငယ်များ မမေ့ကြရန်ကြောင်း ဆွေးနွေးခြင်းနှင့် ပရဟိတအသင်းအဖွဲ့မှဒေါ်သွယ်က ယခုလိုအထိမ်းအမှတ်နေ့များတွင် ဆိုင်ရာ ခေါင်းစဉ်များဖြင့် ဆွေးနွေးပွဲကျင်းပခြင်းကို ဂုဏ်ယူကြောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရ သည်။

ကိန်းဖြူ