အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ လမ်းမ‌တော်မြို့နယ်အတွင်း၊ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်အတွက်၊ ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက် ၅၅ နှစ်နှင့် အထက်ပြည်သူများအား ဒုတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပေးခြင်းလုပ်ငန်းနှင့် အသက် ၄၀ နှစ်နှင့် အထက်ပြည်သူများအား ပထမအကြိမ် ကာကွယ်ဆေးထိုးနှံ ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျင်ရှိရာ၊ ကာကွယ်ဆေးထိုးနှံရာတွင် အကြောင်းအမျိုးမျိုးကြောင့်ကျန်ရှိ နေကြသည့် နိုင်ငံဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ စေတနာ့ဝန်ထမ်းများနှင့် အများပြည်သူများအား ကာကွယ်ဆေးထိုးနှံပေးခြင်းကို လမ်းမတော်မြို့နယ်၊ အ.လ.က (၁)တွင်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံဆောင်ရွက်ပေးလျက်ရှိသည်။
Nov 15,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show အစီအစဉ်ဆွေးနွေးခြင်းကို ယနေ့‌ နံနက် ၁၀နာရီအချိန်က ကျန်းမာရေး ညွှန်ကြားချက် များနှင့်အညီ အဆိုပါဦးစီးဌာနရှိ (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။
Nov 15,2021
မြန်မာသက္ကရာဇ် ၁၃၈၃ ခုနှစ် တန်​ဆောင်မုန်းလပြည့်​ကျော် (၁၀)ရက်​နေ့တွင် ကျ​ရောက်မည့် (၁၀၁)နှစ်​မြောက် အမျိုးသား​အောင်ပွဲ​နေ့ကို ကြိုဆိုဂုဏ်ပြု​သောအားဖြင့် ယနေ့ နံနက် (၁၀)နာရီ အချိန်က ရန်ကုန်အနောင်ပိုင်းခရိုင်၊ အလုံမြို့နယ်၊ ပြန်ကြား​ရေးနှင့် ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ Community Centre ခန်းမတွင် "အမျိုးသား​နေ့အကြောင်း သိ​ကောင်းစရာ" အသိပညာပေးဆွေးနွေးပွဲ Talk Show ကို ကျင်းပပြုလုပ်ခဲ့သည်။
Nov 15,2021
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အထိ ဒေသန္တရစီမံကိန်းမူကြမ်း လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်(၁၀)နာရီအချိန်က ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
Nov 15,2021
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြတောင်တိုက်ပွဲရှောင် ကယ်ဆယ်ရေး စခန်းများရှိ လူငယ် လူရွယ်များ အားလပ်ချိန်တွင် စာအုပ်စာပေဖတ်ရှု လေ့လာမှု ပိုမိုတိုးပွားလာစေရန်၊ အသိပညာဗဟုသုတ တိုးပွားလာစေရန်နှင့် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန် ရည်ရွယ်၍ ယနေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက် ဆံရေး ဦးစီးဌာန ဝန်ထမ်းများ ပူးပေါင်းကာ မြတောင်တိုက်ပွဲရှောင် ကယ်ဆယ်ရေးစခန်း၌ အပတ်စဉ် Mobile Library ကွင်းဆင်း ဆောင်ရွက်၍ စာအုပ်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
Nov 15,2021
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆိုသည့် ဆောင်ပုဒ်ဖြင့် ပန်းခင်းစီမံချက် အရ နိုင်ငံအတွင်း မီတင်းနေထိုင်ကြသော နိုင်ငံသား အရည်အချင်းပြည့်မီသူတိုင်း နိုင်ငံသားစိစစ်ရေးကတ်ရရှိရေးနှင့် အိမ်ထောင်စု စာရင်း ရရှိရေးအတွက် မေလ ပထမပတ်မှ စတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက် (၈) နာရီအချိန်က စတင်၍ ခရမ်းမြို့နယ်၊ အုန်းပင်ကျေးရွာတွင် ခရမ်းမြို့နယ်မြို့နယ် ဦးစီးမှူးဦးမောင်မောင်သန်းနှင့် ဝန်ထမ်း များက ကွင်းဆင်းဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။
Nov 15,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ခရိုင်/မြို့နယ်တာဝန်ရှိသူများက အခြေခံ ပညာကျောင်းများမှကျောင်းအုပ်ဆရာ/မကြီးများနှင့်‌တွေ့ဆုံပွဲကို အမှတ်(၁) အခြေခံပညာ အထက်တန်း ကျောင်းဒေါ်ပိုက်မိ ခန်းမတွင်ယနေ့မွန်းလွဲ (၁)နာရီကပြုလုပ်ခဲ့ကြောင်းသိရသည်။