အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ထိုးပေးနိုင်မှုအခြေအနေ နိုဝင်ဘာ  ၁၅ရက် နံနက်ပိုင်းအချိန်ထိ ၁၉၉၅၉၂ ဦးထိုးနှံပေးခဲ့ပြီဖြစ် ကြောင်း ၊ညောင်ဦးခရိုင်၊ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ထံက သိရသည်။
Nov 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ အ​နောက်ပိုင်းခရိုင်၊‌ ကမာရွတ်မြို့နယ်အတွင်း သာယာလှပသန့်ရှင်းရေး အတွက်သစ်ပင်သစ်ကိုင်းများ ရှင်းလင်းခြင်း၊ အမှိုက်များ မြက်ချုံများရှင်းလင်းခြင်း၊ ရေမြောင်းများ၊ ရေစီးရေလာကောင်မွန်စေရေး၊ ရေနှုတ်မြောင်းများ ရေစီးရေလာ ကောင်မွန် စေရေး ဆောင်ရွက်ခြင်းများကို ယနေ့နံနက်ပိုင်းကမြို့နယ် စည်ပင်သာယာရေးဝန်ထမ်းများမှ ဆောင်ရွက် ခဲ့ကြောင်းသိရှိရသည်။
Nov 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ အားကစားဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပန်ဆောင်မြို့ရှိ ပရဟိတဘောလုံးအသင်းတို့ ပူးပေါင်းကျင်းပသည့် အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယနေ့နံနက် က နီဟိရပ်ကွက်ရှိ အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊​ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဦးစီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က ဝမ်ဆန်းကျေးရွာအုပ်စုနှင့် ဝန်ပမ်းကျေးရွာအုပ်စုတို့တွင် ကွင်းဆင်းဆောင်ရွက် ပေးခဲ့​သည်။
Nov 15,2021
ဗီတာမင်များစွာ ပြည့်ဝပါရှိသော စားသုံးသီးပင်အနေနှင့်သာမက ဆေးဖက်ဝင်အပင်အဖြစ် အသုံးဝင်သော ရွှေနီ(၁၆၈)သင်္ဘောပင်ကို ပြည်ထောင်စုနယ်မြေ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြို့နယ် ကိုးရွာသပြေကုန်း၊ စက်စက်ယိုစိုက်ကွင်း၌ ရွှေဖူးစိုက်ပျိုးရေးလုပ်ငန်းစုက မက္ကဆီကိုမှ မူရင်းမျိုးစေ့ယူကာ ထိုင်ဝမ်မှမျိုးစေ့ထုတ်၍ GPA နည်းစနစ်ဖြင့် အကောင်အထည်ဖော် စိုက်ပျိုးလျက်ရှိပြီး သင်္ဘောပင်များ ဈေးကွက်ဝင်အောင်မြင် ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
Nov 15,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ခရိုင်/မြို့နယ်တာဝန်ရှိသူများက ရပ်/ကျေး အုပ်ချုပ်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးဝင်းရှိ အောင်ဇေယျခန်းမတွင် ယနေ့နံနက်(၁၀)နာရီကပြုလုပ်ခဲ့ကြောင်းသိရသည်။