Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမောင်မောင်နိုင် တပ်ကုန်းမြို့နယ်အတွင်းကွင်းဆင်းစစ်ဆေးပြီး ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာအထက်တန်းကျောင်းတွင် နေပြည…
Nov 15,2021
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်သည် နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၊ တပ်ကုန်း မြို့နယ်အတွင်းရှိ ညောင်လွန့်ပူးပေါင်းစစ်ဆေးရေးဂိတ်၊ အမှတ်(၅)လမ်းဆုံ (ခမရ-၁၀၉) ပူးပေါင်းစစ်ဆေး ရေးဂိတ်၊ တပ်ကုန်းမြို့နယ် ခုတင်(၁၀၀)ဆံ့ပြည်သူ့ဆေးရုံကြီး၊ မြို့နယ်လျှပ်စစ် အင်ဂျင်နီယာရုံး၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခြင်း၊ မဟာသီဟနာဒ ဘုန်းတော်ကြီး ကျောင်းတွင်လှူဒါန်းခြင်း၊ ကင်းသာပူးပေါင်းစစ်ဆေးရေး ဂိတ်တို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခြင်းနှင့် ဇမ္ဗူသီရိမြို့နယ် အမှတ်(၆)အခြေခံပညာ အထက်တန်းကျောင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း ၇၅၇ ကျောင်းတို့ အား Hand Gelများ ထောက်ပံ့ပေးအပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စုတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး
Nov 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီး ကျေးရွာ အုပ်စုတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က ကျောက်တောင်ကျေးရွာ၊ ဘုန်းကြီးကျောင်းဓမ္မာရုံ၌ ထိုးနှံပေးခဲ့ကြောင်း သိရ သည်။
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့ လူထုအခြေပြုဗဟိုဌာန၌ အမျိုးသားအောင်ပွဲနေ့အကြောင်း Talk Show ဆွေးနွေး ပွဲပြုလုပ်
Nov 15,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာန တို့ ပူးပေါင်း၍ (၁၀၁) နှစ်မြောက် အမျိုးသားနေ့အောင်ပွဲ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show အစီအစဉ်ကို ယနေ့မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထု အခြေပြု ဗဟိုပြုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်္ဂလာဒုံမြို့နယ်တွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေး
Nov 15,2021
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးဆောင်ရွက်ရာတွင် ကာကွယ်ဆေး ထိုးနှံခြင်းသည် အဓိက အခန်းကဏ္ဍ တစ်ရပ်ဖြစ်သောကြောင့် နိုင်ငံတော်အစိုးရအနေဖြင့် ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းများကို ဦးတည်အုပ်စုများဖြင့် ထိုးနှံပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ အ.ထ.က(၁)ကျောင်းရှိ မြဧရာခန်းမတွင် အသက်(၁၂)နှစ်နှင့် အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ဆက်လက်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လမ်းမတော်မြို့နယ်၊ လူထုအခြေပြုဗဟိုဌာန၌ (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အကြို အထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကျင်းပ
Nov 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ အမျိုးသားအောင်ပွဲနေ့အကြောင်း သိကောင်းစရာများ သိရှိနိုင်စေရန်ရည်ရွယ်၍ ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ(၂၈)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အကြိုအထိမ်းအမှတ်အဖြစ် အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီ အချိန်ကလမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန (Community Centre)ခန်းမတွင် ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နာဂဒေသ၊ ပန်ဆောင်မြို့၌ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (ပထမအကြိမ်) ဆက်လက်ထိုးနှံ
Nov 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပန်ဆောင်မြို့အတွင်း ကိုဗစ် -၁၉ ရောဂါ ကာကွယ်ဆေး လုံးဝမထိုးနှံရသေးသူများအား ယမန်နေ့နံနက် ၈ နာရီမှ ညနေ ၄ နာရိအထိ ဟူလောင်းကျေးရွာအုပ်စု၊ ယောကွန်ကျေးရွာ အခြေခံပညာမူလတန်းကျောင်းတွင် စုရပ်ပြုလုပ်ကာ ကွင်းဆင်းထိုးနှံပေးလျှက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဆားလင်းကြီးမြို့နယ်၏ (၁၇)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကျင်းပ
Nov 15,2021
ဆားလင်းကြီးမြို့နယ်၏ (၁၇)ကြိမ်မြောက် ဌာနပေါင်းစုံ စုပေါင်းမဟာဘုံကထိန် သင်္ကန်း ဆက်ကပ် လှူဒါန်းပွဲကို ယနေ့နံနက် ၉ နာရီအချိန်က ဆားလင်းကြီးမြို့ပေါ်ရှိ ပဇ္ဖောတာရုံ ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်မြို့နယ်တွင် (၁၀၁)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို Talk Show ကို လူထုအခြေပြုဗဟိုဌာန (Community Center) ၌ ဆောင်ရွက်
Nov 15,2021
တန်ဆောင်မုန်း လပြည့်ကျော်(၁၀)ရက်နေ့တွင် ကျရောက်မည့် (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို Talk Show ကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်အနာက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24136
Page
24137
Page
24138
Page
24139
Current page
24140
Page
24141
Page
24142
Page
24143
Page
24144
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department