အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်တွင် ဒေသခံပြည်သူများ စားဖိုဆောင်သုံး ဟင်းသီးဟင်းရွက်များ ဖူလုံမှုရရှိစေရေးနှင့် (GAP) စိုက်ပျိုးနည်းစနစ် ပညာများ သိရှိလာစေရန် အတွက် ရည်ရွယ်၍ တောင်သူမှ တောင်သူသို့ နည်းပညာမျှဝေခြင်းနှင့် ဟင်းသီးဟင်းရွက် မျိုးစေ့ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 16,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်ခင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးနေမှုအား ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ခရိုင်ဦးစီးမှူးရုံးက နည်းပြ ဆရာ/ဆရာမများ မွမ်းမံသင်တန်း၌   အသိပညာပေး၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
Nov 16,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့၌ ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်း သင်တန်းကို ယမန်‌နေ့နံနက် ၁၀ နာရီတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနခန်းမ၌ သင်တန်းဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 16,2021
ရခိုင်ပြည်နယ် ၊ သံတွဲခရိုင် ၊ ကျိန္တလီမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၊ အစည်းအဝေးခန်းမ ဆေးထိုးစုရပ်၌ ဦးစားပေးအုပ်စုများအလိုက် နိုဝင်ဘာ ၁၅ ရက်နေ့ နံနက်(၉)နာရီအချိန်မှ ညနေ(၄)နာရီအချိန်ထိ ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
Nov 16,2021
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါကာကွယ်တားဆီးနိုင်ရေးအတွက် ပထမအကြိမ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို အသက် ၄၀ မှ ၄၄ နှစ်အထက်ပြည်သူများအား နိုဝင်ဘာ ၁၅ ရက်နံနက် ၈ နာရီခန့်က မြို့နယ် ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ဆက်လက်ထိုးနှံပေးလျက်ရှိသည်။
Nov 16,2021
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ မြို့နယ်လုံးဆိုင်ရာ ၂၁ ကြိမ်မြောက် စုပေါင်းမဟာဘုံကထိန်အလှူတော်မင်္ဂလာ လှည့်လည် ပူဇော်ပွဲကို ယမန်နေ့၊ ညနေ(၃)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးမှ တစ်ဆင့် မြို့တွင်းလမ်းများ အတိုင်း လောကမာရဇိန်ဘုရားကြီးသိမ်တော်သို့ စီတန်းလှည့်လည်ပူဇော်ခဲ့ကြသည်။
Nov 16,2021
စာအုပ်စာပေဝါသနာပါသူ (Club) အဖွဲ့ဝင်များစုစည်း၍ စာရေးဆရာ မောင်မိုးယံ၏ “လူငယ်နှင့်… အနာဂတ်ဘဝမြှင့် တင်ရေး ဆောင်းပါးများ” စာအုပ်ဖြင့်စာဖတ်ဝိုင်းကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြေပုံမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလမ်း ညွှန်ချက်များနှင့်အညီ ဆောင်ရွက်ပသည်။
Nov 16,2021
ရခိုင်ပြည်နယ် ၊ မောင်တောခရိုင် ၊မောင်တောမြို့၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ကြီးမှူး၍ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် အလှူရှင်များ၏ ပထမအကြိမ် စုပေါင်းမဟာဘုံကထိန် အလှူတော်ကို နိုဝင်ဘာ ၁၅ ရက် နေ့လယ် ၁ နာရီအချိန် သာသာနာ့ဗိမာန်တော်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။