အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးသော ဈေးသည်များ၊ ရပ်ကွက်/ကျေးရွာနေပြည်သူများ၊ ဒေသခံတိုင်းရင်သားများအား ကိုဗစ် - ၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ရွှေတောင်ဘုရားဓမ္မာရုံ၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 16,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်အတွင်းရှိပြည်သူများ ကိုဗစ်-၁၉ရောဂါကာ ကွယ်ဆေး ထိုးပေးနိုင်မှု အခြေအနေ ယနေ့နံနက်ပိုင်းအချိန်ထိ ၈၉၉၆၁ ဦး ထိုးနှံပေးခဲ့ပြီဖြစ်ကြောင်း၊ ညောင်ဦး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးနန်းတင့်ထံက သိရသည်။
Nov 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့သို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး Sinovac ဆေး အလုံးရေ ၂၉၁ လုံးနှင့် ဆေးထိုးအပ် များကို တပ်မတော်လေယာဉ်ဖြင့် ရန်ကုန်မြို့မှ ပို့ဆောင်ပေး ခဲ့ရာ ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က ရောက်ရှိခဲ့သည်။
Nov 16,2021
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်တွင် အသက် (၁၈)နှစ်အထက် ပြည်သူများအား စတုတ္ထ အသုတ်၊ ပထမ အကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် ၉ နာရီက စတင်၍ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမနှင့် ကျေးရွာများ၌ ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Nov 16,2021
ဧရာ၀တီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် အထက်တန်း၊ အလယ်တန်း‌ကျောင်းများရှိ အသက် (၁၂)နှစ်နှင့်အထက်ကျောင်းသား၊ ကျောင်းသူများအား ယနေ့နံနက် (၉)နာရီမှစတင်၍ ဝါးခယ်မမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းအပါအဝင်‌ ဆေးထိုးစုရပ် (၁၀)နေရာ၌ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံပေးခဲ့ကြောင်း သိရသည်။
Nov 16,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနက ၁၀၁ နှစ်မြေက် အမျိုး သားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲကို လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ ၌ ယနေ့ နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
Nov 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက် ပြန့်ပွားမှုများကို ထိန်းချုပ်နိုင်ရေး အတွက် အသိပညာ​ပေးလုပ်ငန်းများ​ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ​ဟောင်ဟင်ကျေးရွာနှင့် ပါညု​ကျေးရွာတို့၌ Han Speaker ဖြင့် အသိပေး နှိုးဆော်ခဲ့သည်။
Nov 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာခရိုင်အတွင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ အသိပညာပေးနှိုးဆော်ချက်များ လိုက်လံကြေညာ နိုးဆော်ခြင်း များကို နေ့စဉ်ဆောက်ရွက်လျက်ရှိရာ ယနေ့ နံနက် (၈ ) နာရီအချိန်က ရပ်ကွက်များအတွင်း လိုက်လံအသိပညာပေး ဆောင်ရွက် လျက်ရှိသည်။