မြိတ် နိုဝင်ဘာ ၁၆
တနင်္သာရီတိုင်းဒေသကြီး မြိတ်တက္ကသိုလ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှ ပန်ခင်းစီမံချက်ဖြင့် ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ဆောင်ရွက်ပေးနေမှုအား ယမန်နေ့ နေ့လယ်ပိုင်းက မြိတ်ခရိုင်ဦးစီးမှူးရုံးက နည်းပြ ဆရာ/ဆရာမများ မွမ်းမံသင်တန်း၌ အသိပညာပေး၍ လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အသိပညာပေးရာ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၏ လုပ်ငန်းတာဝန်များ၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေနှင့်လက်ရှိဆောင်ရွက်လျက်ရှိသော ပန်းခင်းစီမံချက်တို့နှင့် ပတ်သက်၍ သိကောင်းစရာများကို မြိတ်ခရိုင် ဦးစီးမှူး ဦးထွန်းဇော်ဦးက တက္ကသိုလ်နည်းပြ ဆရာ/ဆရာမများ မွမ်းမံသင်တန်းသားများအား ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး သင်တန်းသားများမှ သိရှိလိုသည့်များမေးမြန်းကြရာ ပြန်လည်ရှင်းလင်း ဖြေကြားခဲ့၍ သင်တန်းသား ဆရာ၊ ဆရာမများအား ပန်းခင်းစီမံချက်ဆိုင်ရာ ပညာပေး လက်ကမ်း စာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ်-ပြန်/ဆက်)