အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်း‌ခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှု လျော့ကျစေရေးအတွက် အသိပညာပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ (၄) နာရီအချိန်က မိုင်းပန်မြို့ပေါ် ရပ်ကွက်ရှိ နေအိမ် လမ်းကြားများတွင် Hand Speaker ဖြင့် လိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။
Nov 16,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကွက်/ ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများ ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြစ်စေ‌ရေးအတွက် အစည်းဝေးနှင့် အစည်းဝေး မှတ်တမ်း‌ရေးသားနည်း (Meeting and Meeting Minutes) သင်တန်းကို ယမန်နေ့က မြို့နယ် အထွေထွေ အုပ်ချုပ်‌ ရေးဦးစီးဌာန အစည်းဝေးခန်းမ၌ ဖွင့်လှစ်ပို့ချ ဆွေးနွေးခဲ့ကြောင်း သိရသည် ။
Nov 16,2021
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ နိုဝင်ဘာ ၁၃ ရက်နေ့ညတွင် မြို့မစည်ပင်သာယာစျေးကြီး မီးလောင်မှုဖြစ်ပွားခဲ့သည့်အတွက် နတ်မောက်မြို့ ဆုတောင်းပြည့် ဘုရားကြီးကျောင်းတိုက် တောင်ဘက် ကွက်လပ်တွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယာယီစျေး ဆောက်လုပ်ပေးရန် စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Nov 16,2021
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေများကြောင့် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်းများကို ၂၀၂၁-၂၀၂၂ပညာသင်နှစ် အတွက်နိုဝင်ဘာ ၁ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်နေ့နံနက် ၉နာရီက ကြည့်ရှုစစ် ဆေးအား‌ ပေးခဲ့ကြောင်းသိရသည်။
Nov 16,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်၏ (၄၄) ကြိမ်မြောက် စုပေါင်းဘုံကထိန် သင်္ကန်းကပ်လှူပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က မြို့လယ်မဟာမြတ်မုနိဘုရား ကျောင်းတော် ဓမ္မာရုံ၌ ကျင်းပခဲ့ကြောင်း သိရသည်။
Nov 16,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၌ (၁၀၁)နှစ်မြောက် အမျိုးသား အောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ဆင်ပေါင်ဝဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre) ခန်းမတွင် ကျင်းပပြု လုပ်ခဲ့သည်။
Nov 16,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ သာသနာ ဇောတိက ပေပင်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ရာ ကထိန်အာနိသင်မရရှိသော ဘုန်းကြီးကျောင်း (၁၁)ကျောင်းမှ သံဃာများနှင့် ပင့်သံဃာများအား ကထိန်သင်္ကန်း ကပ်လှူခဲ့ကြပြီး သိမ်ဆွမ်းလောင်းလှူခဲ့ကြသည်။
Nov 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ  လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်၁၀ နာရီက တာပတ်ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။