အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2021
ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် ကြို့ပင်ကောက်မြို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် မြို့နယ်စီမံကိန်း ရေးဆွဲအကောင်အထည်ဖော်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျင်းပပြုလုပ်သည်။
Nov 15,2021
ကရင်ပြည်နယ်၏ ကိုဗစ် ၁၉ တတိယလှိုင်းကာလအတွင်း ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် တက်ကြွစွာပါဝင်ခဲ့သော ကျန်းမာရေးဝန်ထမ်းများ၊ တပ်မတော်သားများနှင့် စေတနာ့ဝန်ထမ်းများအား ကရင်ပြည် နယ်အစိုးရအဖွဲ့မှ ဂုဏ်ပြုမှတ်တမ်းချီးမြှင့်သည့် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။
Nov 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်အတွင်း ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်ထိ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်သွားမည့် ငါးနှစ်ဒေသန္တရဖွံ့ဖြိုးမှုစီမံကိန်းလုပ်ငန်းများ ချပြရှင်းလင်းခြင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ဘက်စုံသုံးခန်းမ၌ ပြုလုပ်သည်။
Nov 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနက ပြုလုပ်သည့် အားကစားအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၀နာရီက အထက ပေါင်းတည် ကျောင်း၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 15,2021
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက “၁၀၁”နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အကြိုဟောပြောပွဲကို ပြည်သူ့စာကြည့်တိုက်အတွင်း၌ ယနေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။
Nov 15,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် အသက်၁၂ နှစ်နှင့်အထက် အခြေခံပညာအလယ်တန်း၊ အထက် တန်း ကျောင်းသား ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) ထိုးနှံပေးခြင်းကို ယနေ့နံနက် ၉ နာရီချိန်က အ.ထ.က (မြို့ပြင်) ကျောင်းနှင့် ဆေးထိုးစုရပ် နေရာများတွင် ထိုးနှံပေးခဲ့သည်။
Nov 15,2021
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်တွင် Mask အခမဲ့ ပေးဝေခြင်းကို ယနေ့နံနက် (၁၀) နာရီ အချိန်ခန့်က အောင်ချမ်းသာရပ်ရှိ ပတ္တမြားဈေးတွင် မြို့နယ် ကိုဗစ်ကော်မတီ၏ ဦးဆောင် လမ်းညွှန်မှုဖြင့် ဈေးရောင်းသူနှင့်ဈေးဝယ်သူများအား ပေးဝေခဲ့ကြောင်းသိရှိရပါသည်။
Nov 15,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ကျိုက္ကလော့ပရိယတ္တိစာသင်တိုက် မိုးကုတ်ဝိပဿနာ ဓမ္မရိပ်သာကျောင်းတိုက်တွင် ယနေ့ နံနက်(၈)နာရီက န.ဝ.မ အကြိမ်မြောက် ကထိန်သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ပြုလုပ်ကျင်းပခဲ့သည်။