အမြို့မြို့အနယ်နယ်သတင်းများ

Nov 15,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသံချဲ့စက်ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအား မြို့နယ်အတွင်း၌ လှည့်လည်အသိပေးနှိုးဆော်လျက်ရှိသည်။
Nov 15,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ် မြတ်နိုးသူများ စာပေ ဗဟုသုတ ရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူး တင်ဆက် ဆောင်ရွက်ပေးလျက်ရှိသည်။
Nov 15,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈ နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို နိုဝင်ဘာ ၁၄ ရက်နေ့က အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမနှင့် ကျေးရွာများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက်ဆောင်ရွက်ခဲ့သည်။
Nov 15,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ၁၈နှစ်ပြည့်ပြီး ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခြင်းလုပ်ငန်းကို နိုဝင်ဘာ ၁၅ ရက်နေ့က အ.ထ.က (မတ္တရာ) အောင်ဆန်းခန်းမနှင့် ကျေးရွာများရှိ ဆေးထိုးစုရပ်များတွင် ဆက်လက် ဆောင်ရွက်ခဲ့သည်။
Nov 15,2021
တနင်္သာရီတိုင်းဒေကြီး၊ ထား၀ယ်ခရိုင်၊ လောင်းလုံးမြို့တွင် အသက်(၁၂)နှစ်ပြည့်ပြီးသော အလယ်တန်း၊ အထက်တန်း ကျောင်းသား/ကျောင်းသူများအား (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ကို ယနေ့နံနက် (၁၀)နာရီအချိန်က မြို့နယ် ပြည်သူ့ဆေးရုံ၌ လောင်းလုံးမြို့နယ်၊ ကျန်းမာရေးဦးစီးဌာနမှ ၀န်ထမ်းများက စနစ်တကျ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Nov 15,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျိုက်ဒုံမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန် အတွက် ယနေ့နံနက် ၉ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပိုးကရင်ဘာသာ၊ မြန်မာဘာသာဖြင့် အသိပညာပေး နှိုးဆော်မှုများ ဆောင်ရွက်ခဲ့သည်။
Nov 15,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာန ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတွင် ယနေ့နံနက် (၉)နာရီက (၁၀၁)နှစ်မြောက် အမျိုးသားနေ့အောင်ပွဲအကြောင်း သိကောင်းစရာများ အသိပညာပေး ဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။