Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ကျောက်ဆည်မြို့နယ် သင်ပုတ်ကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာရမည့် အချက်များ သိရှိစေရေး အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်
Nov 15,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လိုက်နာဆောင်ရွက်ရမည့် အချက်များ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ရပ်ကွက်/ကျေးရွာများသို့ကွင်းဆင်းပြီး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၈)နာရီအချိန်က သင်ပုတ် ကျေးရွာ အုပ်ချုပ်ရေးမှူး၊ လူမှုရေး အသင်း အဖွဲ့ဝင်များနှင့် ပူးပေါင်း၍ ကျေးရွာအတွင်းလှည့်လည်ကာ အသံချဲ့စက်ဖြင့် အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနှင့် ကာကွယ်ဆေး ထိုးနှံနိုင်ကြစေရေး ပိုးကရင်၊ မြန်မာ ဘာသာတို့ဖြင့် အသိပေး နှိုးဆော်
Nov 15,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုများ မဖြစ်ပေါ်စေရေး၊ ကိုဗစ်ရောဂါ ကြိုတင် ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံကြစေရေး အတွက် ကျေးရွာနေ ပြည်သူများ သိရှိနိုင်စေရန် မြန်မာ ဘာသာနှင့်ပိုးကရင်ဘာသာစကားတို့ဖြင့် အသိပညာပေးနှိုးဆော်မှုများအား လက်ကိုင်စပီကာ အသံချဲ့စက်ဖြင့် ကျယ်ကျယ် ပြန့်ပြန့် သိရှိစေရန်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ဒိုင်းပြ ကျေးရွာတွင် အသိပညာပေးလှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘားအံမြို့ ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူသိရှိလိုက်နာရမည့် အချက်များအား ကရင်ဘာသာ ၊ မြန်မာဘာသာ နှစ်ဘာသာဖြင့် အသိပညာ…
Nov 15,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အများပြည်သူ သိရှိလိုက်နာရမည့်အချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေးအတွက် ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက စဉ်ဆက်မပြတ် အသိပညာပေးနှိုးဆော်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအတွင်း အသိပညာပေးနှိုးဆော်လျက် ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ကြီးမြတ်သောပုဂံအဖွဲ့နှင့် ပုဂံကိုချစ်မြတ်နိုးသည့် ညောင်ဦးမြို့၊ ပုဂံမြို့သူ/သားများ ပူးပေါင်းသန့်ရှင်းရေး ဆောင်ရွက…
Nov 15,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေတွင် ကြီးမြတ်သော ပုဂံသန့်ရှင်းရေးပြုလုပ်အဖွဲ့နှင့်အတူ ပုဂံကိုချစ်မြတ်နိုးကြသည့် ညောင်ဦးမြို့သူမြို့သားများ၊ ပုဂံမြို့သူမြို့သား များသည် ယမန်နေ့ နံနက် ၇ နာရီအချိန်မှ စတင်ပြီး ပုဂံရှေးဟောင်း ယဉ်ကျေးမှု နယ်မြေအတွင်းရှိ ချုံနွယ်ပိတ်ပေါင်း ထူးထပ်ပြီး ရှေးဟောင်းဘုရားများကွယ်နေသည့် သစ်ကိုင်းများအား လူအင်အား ၁၀၀ ဖြင့် သန့်ရှင်းရေး ပြုလုပ်ကုသိုလ်ယူခဲ့ကြောင်း ကြီးမြတ်သောမဟာ ပုဂံသန့်ရှင်းရေးအဖွဲ့ ဦးမျိုးဆက်စံထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ပြည်သူများလိုက်နာဆောင်ရွက်ရန် လှည့်လည် အသိပေးနှိုးဆော်
Nov 15,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်း၌ ကိုဗစ်-၁၉ရောဂါပိုး ကူးစက်ပြန့်ပွား တွေ့ရှိမှုနှုန်း လျော့နည်းစေရန် ကာကွယ်ထိန်းချုပ်နိုင်ရေး အတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော စည်းကမ်းချက်များအား ပြည်သူများလိုက်နာရန် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံး ဝန်ထမ်းများက ယနေ့နံနက် ၇ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များအတွင်း လှည့်လည် အသိပေး နှိုးဆော်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု လျော့ကျစေရန် မြန်မာဘာသာ၊ စကောကရင်ဘာသာဖြင့် အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်
Nov 15,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များသို့ သွားရောက်၍ မြန်မာဘာသာ၊ စကောကရင်ဘာသာနှစ်မျိုးဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် ပြည်သူ ၂၁၁၀ ဦးတို့အား ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက် ထိုးနှံပေး
Nov 15,2021
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ထိုးနှံထားသူများအား ဒုတိယအကြိမ်နှင့် အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများအား ပထမအကြိမ်အဖြစ်
အပြည့်အစုံ ဖတ်ရန်
ဖလမ်းမြို့၌ စုပေါင်းမဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲကျင်းပ
Nov 15,2021
ချင်းပြည်နယ်၊ ဖလမ်းမြို့၌ ဒေသခံဗုဒ္ဓဘာသာဝင်များနှင့်ဌာနဆိုင်ရာဗုဒ္ဓဘာဝင်များ၏ စုပေါင်း မဟာဘုံကထိန်ဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲကဖလမ်းမြို့၊ကျင်မွာလ် ရပ်ကွက်၊ ရန်ပြေမာန်ပြေနိုင်ငံအေးအောင်တော်မူဓါတ်ပေါင်းစု ဆုတောင်းပြည့်စေတီကျောင်း တွင် ကျင်းပပြု လုပ်ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
24132
Page
24133
Page
24134
Page
24135
Current page
24136
Page
24137
Page
24138
Page
24139
Page
24140
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department