အမြို့မြို့အနယ်နယ်သတင်းများ

Nov 16,2021
မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းမိသားစု စုပေါင်း ပြုလုပ်သည့် ဆဌမအကြိမ်မြောက် စုပေါင်းဘုံကထိန်ပွဲတော်ကို ဝက်ချီပါကျေးရွာ ဘုန်းတော်ကြီး ကျောင်းရှိ ဆရာတော်၊ သံဃာတော်များအား ကထိန်သင်္ကန်း၊ လှူဖွယ်ပစ္စည်းနှင့် ငွေပဒေသာပင် ဆက်ကပ် လှူဒါန်းခြင်းကို ယမန်နေ့ နံနက် ၉ နာရီအချိန်က ဂန့်ဂေါမြို့ မြောက်ကုန်းရပ်ကွက် မြို့ခင်းသာတောင်း ကျောင်းတိုက်၌ ကျင်းပပြုလုပ် ခဲ့သည်။
Nov 16,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်မြို့၌ အသက်(၁၂)နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူ များအား ပထမအသုတ် ဒုတိယ အကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinovac) ထိုးနှံခြင်းကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာ အထက်တန်း ကျောင်းတွင် စတင်ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
Nov 16,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်း အထောက်အကူပြု လက်ရက်ကန်း သင်တန်းဆင်းပွဲကို ယမန်နေ့‌ နေ့လယ် ၃ နာရီက မင်းလှမြို့နယ် သဖန်းချောင်းကျေးရွာ ဘုန်းကြီးကျောင်း ဓမ္မာရုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 16,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်၊ ကွင်းယားကြီးကျေးရွာရှိ သစ်စိမ်းမြေဩဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာနက မျိုးစေ့များ ထာက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကွင်းယားကြီးကျေးရွာ ရွှေကွင်းသာယာခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Nov 16,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်၌ သီးနှံပင် ကိုင်းကူးကိုင်းဆက် နည်းပညာဖြင့်‌ တောင်သူများ၏ မိသားစုအပိုဝင်ငွေ ရရှိစေရန်အတွက် ရှောက်သံပရာမျိုးနွယ် ကိုင်းကူး ကိုင်းဆက်ခြင်းနှင့် ပိုးသတ်ဆေး၊ သဘာဝမြေဩဇာ ပြုလုပ်ပုံ သင်တန်းပေးခြင်းကို ယနေ့ နံနက် ၈နာရီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပျိုးဥယာဉ်ခြံ၌ လက်တွေ့သရုပ်ပြ သင်ကြားပေးခဲ့ကြောင်း သိရသည်။
Nov 16,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ရှိ ဘုရားကျေးရွာအနီး ရွှေစက်တော် မန်းချောင်းအတွင်း၌ မော်တော်ယာဉ်များဖြင့် အသုံးပြု ဖြတ်သန်း သွားလာနိုင်စေရန် ဒေသခံပြည်သူများက ကိုယ်ထူကိုယ်ထ အစီအစဉ်ဖြင့် ယာယီကုတ်ထုတ် တံတားတစ်စင်းကို ယမန်နေ့က စုပေါင်းတည်ဆောက်ခဲ့ကြောင်း ဘုရားကျေးရွာ အုပ်ချုပ်ရေးမှူးထံမှ သိရသည်။