မင်းတုန်း နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ်တွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဦးဆောင်၍ ဌာနဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲကို ယနေ့နံနက် ၉ နာရီက အမှတ်(၃)ရပ်ကွက်၊ သာသနာ ဇောတိက ပေပင်ဘုန်းတော်ကြီးကျောင်းတွင် ကျင်းပခဲ့ရာ ကထိန်အာနိသင်မရရှိသော ဘုန်းကြီးကျောင်း (၁၁)ကျောင်းမှ သံဃာများနှင့် ပင့်သံဃာများအား ကထိန်သင်္ကန်း ကပ်လှူခဲ့ကြပြီး သိမ်ဆွမ်းလောင်းလှူခဲ့ကြသည်။
ထို့နောက် အခမ်းအနားကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများက နမောတသ(၃)ကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး လယ်မကျောင်း ဆရာတော် ဦးဝိသုဒ္ဓထံမှ ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြီး ကထိန်ညတ်သင်္ကန်းနှင့် ကထိန်အနုမောဒနတရားတော် နာယူ၍ ရေစက်သွန်းချ အမျှပေးဝေကြပြီး ဗုဒ္ဓသာသနံစိရံတိဌတု(၃)ကြိမ် ရွတ်ဆို၍ အခမ်းအနား ပြီးဆုံးကြောင်းနှင့် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြကြောင်း သိရသည်။
မြို့နယ(ပြန်/ဆက်)