ကျိုက်လတ် နိုဝင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ် ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုစာရင်းနှင့် ကိုင်ဆောင်သင့်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားတစ်မျိုးမျိုးကို ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့ နံနက်၁၀ နာရီက တာပတ်ကျေးရွာအုပ်စုတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေနှင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ တာပတ်ကျေးရွာအုပ်စုရှိ ၁၀ နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၅၂)ဦး၊ ၁၈နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားပေါင်း (၁၈)ဦး၊ ၁၀နှစ်ပြည့်နှင့် ၁၈နှစ်ပြည့် လဲလှယ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေါင်း (၄၀) ဦး နှင့် နိုင်ငံသားစိစစ် ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးမိတ္တူ ထုတ်ပေးမှု ပေါင်း(၁၃)ဦး၊ စုစုပေါင်း စုစုပေါင်း (၁၂၃)ဦးအား နေ့ချင်းပြီး ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။
ဌေးဌေးလှိုင်