အထက်မင်းလှ နိုဝင်ဘာ ၁၆
မကွေးတိုင်းဒေသကြီး ၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၌ကိုဗစ်-၁၉ရောဂါကူးစက်ပြန့်ပွားမှုအခြေအနေများကြောင့် ယာယီပိတ်ထားခဲ့သည့် အခြေခံပညာကျောင်းများကို ၂၀၂၁-၂၀၂၂ပညာသင်နှစ် အတွက် နိုဝင်ဘာ ၁ ရက်နေ့ကစတင်ဖွင့်လှစ်ခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြား နေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ယမန်နေ့နံနက် ၉နာရီက ကြည့်ရှုစစ် ဆေးအား ပေးခဲ့ကြောင်းသိရသည်။
မင်းလှမြို့နယ်အတွင်း အခြေခံပညာအထက်တန်းကျောင်း ၁၀ ကျောင်း၊ အထကခွဲ၁၆ ကျောင်း၊ အလက ၃၇ ကျောင်း၊ အလကခွဲ ၂၁ ကျောင်း၊ မူလွန်ကျောင်း ၃၂ကျောင်း၊ ဘုန်းတော်ကြီးပညာသင် မူလွန် ကျောင်း ၁ကျောင်း၊ စုစုပေါင်း၁၁၇ကျောင်းရှိပြီး၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းစာရင်းရှိ ကျောင်းသား/ ကျောက်းသူ ၂၀၉၀၈ ဦးရှိပြီး၊ ကျောင်းအပ်နှံသည့် ကျောင်းသား/ကျောင်းသူ ၁၆၇၈၃ဦး (၈၀%)ရှိရာ နိုဝင်ဘာ၁၅ ရက်နေ့ အထိ၊ ကျောင်းတက်ရောက်သည့် ကျောင်းသား/ကျောင်းသူ ၁၄၀၄၂ဦး(၈၄%)ရှိကြောင်းမြို့ နယ်ပညာ ရေးမှူးရုံး မှသိရသည်။
အဆိုပါကျောင်းများဖွင့်လှစ်ရာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန် ချက်များ နှင့်အညီဆရာ/ဆရာမများကသင်ကြားပေးလျက်ရှိသည်။ မင်းလှမြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများတွင် ကျောင်းသား/ကျောင်းသူများအေးချမ်းစွာပညာသင်ကြားနေမှုအားမြို့နယ်စီမံ အုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက ကြည့်ရှုစစ်ဆေးခဲ့ရာမြို့နယ် ပညာရေးမှူးဦးဇော်ဝင်းနှင့် ဆရာ/ဆရာမများက ကျောင်းသား/ ကျောင်းသူများအားစာသင်ကြားပေး နေမှုအခြေအနေများအားရှင်းလင်းပြောကြားခဲ့ကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့က လိုအပ်သည်များအား ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးလျက် ရှိကြောင်းသိရသည်။
ဇာဇာ(အထက်မင်းလှ)