အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2021
တန်ဆောင်တိုင်ရုံးပိတ်ရက်၊ တန်ဆောင်မုန်းလပြည့်နေ့တွင် ပုဂံ-ညောင်ဦးရှေး ဟောင်းယဉ် ကျေးမှုဇုန်သို့ မြန်မာပြည်ရပ်ရပ်မှဘုရားဖူးလာရောက်ကြရာ ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ် မြေရှိ သမိုင်းအထင်ကရဘုရားများတွင် ဘုရားဖူးလာရောက်သူ ၈၀၀၀ ဦး ခန့်လာရောက်ဖူး မြော်ကြကြောင်း လောကနန္ဒာစွယ်တော်စေတီ ဂေါပကအဖွဲ့ ဦးထင် လင်းဦး ထံကသိရသည်။
Nov 19,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ ရှေးဟောင်း စေတီပုထိုးများအား ၂၀၂၁ခုနှစ် နိုဝင်ဘာ ၁၈ရက်၊ ၁၃၈၃ ခုနှစ်၊တန်ဆောင် မုန်းလပြည့်နေ့ည ၆နာရီခွဲအချိန်မှစတင်ကာ ရွှေစည်းခုံဘုရားကြီးနှင့်သမိုင်းအထင်ကရ ဘုရားများတွင် ဆီမီးပူဇော် ကြကြောင်း ရွှေစည်းခုံဘုရားကြီးတွင်လည်း ဆီမီး ၅၀၀၀ ကပ်လှူပူဇော်ကြကြောင်း ဂေါပကဥက္ကဋ္ဌ ဦးကျော်မြင့်ထံကသိရသည်။
Nov 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အမှတ်(၁)ရပ်ကွက်၊ တိလောကအောင်တော်မူ သာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးအား ယမန်နေ့ည (၁၂)နာရီအချိန်တွင် မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 19,2021
ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှကြီးမှူး၍ ဌာနဆိုင်ရာများ စုပေါင်းမဟာဘုံကထိန် အလှူပွဲတော်ကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။
Nov 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့အတွင်းရှိလမ်းများ သွားလာမှုကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တေဇရပ်ကွက်၊ တေဇ(၃) လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Nov 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ‌ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို အမှတ် (၄)ရပ်ကွက် တိုးရွှေဝါခန်းမတွင် ယနေ့နံနက် ၉ နာရီက စတင်ထိုးနှံပေးသည်။