အမာမြို့၌ ရှေးဟောင်းဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးအား မသိုးသင်္ကန်းဆက်ကပ်လှူဒါန်း

အမာ     နိုဝင်ဘာ    ၁၉

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ အမှတ်()ရပ်ကွက်၊ တိလောကအောင်တော်မူ သာသနာ့ဗိမာန်တော်ကြီးအတွင်းရှိ ရှေးဟောင်းဗုဒ္ဓရုပ်ပွါးတော်မြတ်ကြီးအား ယမန်နေ့ည (၁၂)နာရီအချိန်တွင် မသိုးသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အမာမြို့ရှိ ပြည်သူများမှ စုပေါင်းလှူဒါန်းသည့် ကောင်းမှုကုသိုလ်ဖြင့် နှစ်စဉ်ချုပ်လုပ် လှူဒါန်းသော မသိုးသင်္ကန်းကို  ညဦးပိုင်းမှစ၍ ချုပ်လုပ်ခဲ့ပြီး တန်ဆောင်မုန်းလပြည့် ည(၁၂)နာရီအချိန်တွင် မသိုးသင်္ကန်း ဆက်ကပ်လှူဒါန်းမှုကို အမာမြို့ ဥတ္တရာရုံကျောင်းတိုက် ဦးစီးပဓာနနာယကဆရာတော် ဘဒ္ဒန္တသုဂန္ဓကဦးဆောင်ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကများမှ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

အမာ(ပြန်/ဆက်)