အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2021
၂၀၂၁ခုနှစ်၊ နိုဝင်ဘာ (၁၈)ရက်နေ့ တန်ဆောင်မုန်းလပြည့်ညတွင် ကော့ကရိတ်မြို့ရှိ ဘုရားစေတီပုထိုးများနှင့် စတုဒီသာ ကျွေးမွေးလှူဒါန်းသည့် နေရာများတွင် လာရောက်သူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။  
Nov 19,2021
မကွေးတိုင်းဒေသကြီး မကွေးခရိုင် နတ်မောက်မြို့တွင် နိုဝင်ဘာလ ၁၃ ရက်နေ့ ည ၉ နာရီ ၄၀ မိနစ်အချိန်က နတ်မောက်မြို့မစျေး၌ မီးလောင်မှုဖြစ်ပွားခဲ့ပြီး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် စျေးသစ်ပြန်လည်တည်ဆောက်နိုင်ရေး၊ စျေးမီးလောင်ပြင် သန့်ရှင်းရေး ဆောင်ရွက်နိုင််ရေးနှင့် ယာယီစျေး အမြန်ဆောက်လုပ်နိုင်ရေး စီမံများဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ကျော်လင်း၊ စီးပွားရေးရာ ဝန်ကြီး ဦးအောင်ချိန်နှင့် အတူ တာဝန်ရှိသူများ လိုက်ပါကာ နိုဝင်ဘာ ၁၅ ရက်နေ့ ညနေ ၄ နာရီခွဲ အချိန်က မီးလောင်ကျွမ်းရာ နတ်မောက်မြို့မစျေးသို့ ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့သည်။
Nov 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်း စေရေး အတွက် ပြည်သူများ လိုက်နာကြရန် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာန၊ ပြန်ကြားရေး နှင့် ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ ညနေပိုင်း က  လူစည်ကားရာ​​​နေရာများ​​ဖြစ်သည့် စျေးများ၊ ရပ်ကွက်များ အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား  လှည့်လည်အသိပေး နှိုးဆော် ကြေညာခဲ့ ကြောင်း သိရသည်။
Nov 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ပုလောမြို့ စည်ပင်သာယာဈေးကြီးအတွင်း၌     ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ရောင်းချခြင်းရှိ၊ မရှိကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရသည်။
Nov 19,2021
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပုလော မြို့နယ်ရုံးမှ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန် နေ့ နံနက်ပိုင်းက မင်းထိန်ကျေးရွာအုပ်စု၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Nov 19,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊  လိပ်သိုမြို့တွင်  ပြည်သူများနေအိမ်ပြင်ပထွက်ခွာပါက ကိုဗစ်-၁၉ရောဂါကာကွယ်ရေးစည်းကမ်းချက်များ နှင့်အညီသွားလာရန်အသိပညာပေးနှိုးဆော်မှုများကို   စဉ်ဆက်မပြတ်  ဆောင်ရွက်လျက်ရှိရာ   ယနေ့နံနက်ပိုင်းတွင်   ကျန်းမာရေးဝန်ကြီးဌာနက   ထုတ်ပြန်ထားသော    ပြည်သူသို့အသိပေးပန်ကြားချက်များကို   ဒေသနေပြည်သူများ    ကျယ် ကျယ်ပြန့်ပြန့်   သိရှိလိုက်နာကြစေရန်   အသိပညာပေး  နှိုးဆော်မှုများကို    ကရင်မြန်မာ နှစ်ဘာသာဖြင့် ဆောင်ရွက်ပေးခဲ့ကြောင်း  သိရသည်။
Nov 19,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် မြန်အောင်မြို့ ရွှေဘုံသာစေတီတော်မြတ်ကြီးတွင် ယမန်နေ့ ည ၆ နာရီက ဆီမီး (၁၀၀၀)၊ ပန်း (၁၀၀၀) ပူဇော်ပွဲ ကျင်းပပြုလုပ်ရာ ဘုရားဖူးပြည်သူများဖြင့် စည်ကားလျက်ရှိသည်။