အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2021
ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဒဂုံမြို့နယ် ဘုရားကြီးရပ်ကွက်ရှိ ရွှေတိဂုံစေတီတော်မြတ်ကြီးတွင် တန်​ ဆောင်မုန်းလပြည့်နေ့၌ ဘုရားဖူးလာ ရဟန်းရှင်လူပြည်သူများအား ဘုရားတန်ဆောင်းများတွင် ဆီမီး တစ်ထောင် ပူဇော်ခြင်း၊ မသိုးသင်္ကန်းများ လှူဒါန်းခြင်း၊ ဆွမ်းခဲဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း ဓမ္မာစကြာ ရွတ်ဖတ်ပူဇော်သူများဖြင့် ဘုရားရင်ပြင်ပေါ်တွင် များပြားစည်ကားလျက်ရှိပါကြောင်း သိရသည်။
Nov 19,2021
ရခိုင်ရိုးရာယဉ်ကျေးမှု အစဉ်အလာအရ တန်ဆောင်တိုင် ဗုဒ္ဓပူဇနိယပွဲတော်ကို ရခိုင်ပြည်နယ် နေရာအနံ့အပြား၌ ကျင်းပပြုလုပ် လျက်ရှိကြသည်။
Nov 19,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့၌ ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ အလှူရှင်များ စုပေါင်း၍ သက်ဆိုင်ရာကျောင်းများတွင် (၇၇)ကြိမ်မြောက် မဟာဘုံကထိန် အလှူတော် မင်္ဂလာ အခမ်းအနားများ ကျင်းပလျက်ရှိရာ ယမန်နေ့ နံနက် ၉ နာရီက မဟာရွှေစည်ကြီး ပရိယတ္တိစာသင်တိုက်တွင် ခရိုင်နှင့်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာနတို့မှ မဟာဘုံကထိန်လျာသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။
Nov 19,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ တည်ထားကိုးကွယ်လျက်ရှိသော ကျိန်းတောင်ဘုရား ရင်ပြင်တော်၌ မြို့နယ်လုံးဆိုင်ရာ စုပေါင်းမဟာဘုံကထိန်ပွဲတော်ကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါဘုရားရင်ပြင် ဓမ္မရုံအတွင်းတွင် စည်းကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
Nov 19,2021
ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ၁၃၈၃ ခုနှစ် မြန်မာ့ရိုးရာ တန်ဆောင်တိုင်ပွဲတော် အထိမ်းအမှတ်အဖြစ် တန်ဆောင်မုန်းလပြည့်ညတွင် ဗုဒ္ဓမြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး အား ဆီမီးထွန်းညှိပူဇော်ခြင်း၊ ရှင်ဥပဂုတ္တ ဖောင်တော်မျှောခြင်း ၊ ဆီမီး(၁ဝဝဝဝ) မီးမျှောပူဇော် ခြင်း၊ မီးအလှထွန်ညှိခြင်းနှင့် စတုဒိသာ ကျွေးမွေးခြင်းတို့အား ယမန်နေ့ ည ၆ နာရီ အချိန်မှစတင်ပြီး ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် ဓလေ့ထုံးတမ်းများနှင့်အညီ ပြုလုပ်ကျင်းပခဲ့ကြသည်။
Nov 19,2021
တန်းဆောင်တိုင်ရုံးပတ်ရက် ကျောင်းပိတ်ရက်များအတွင်း မြေပုံမြို့နယ် အငူကမ်းခြေသို့ ခရီးသွားဧည့်သည်များ အပန်းဖြေ လာရောက်လည်ပတ်ကြရာ ယမန်နေ့ တန်းဆောင်မုန်း လပြည့်နေ့တွင် ပိုမိုများပြား စည်ကားလျက် ရှိသည်။
Nov 19,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်တွင် စစ်ဗျူဟာဖွဲ့(အခြေချ)လှိုင်းဘွဲနှင့်ကွပ်ကဲမှုအောက် တပ်ရင်း များမှ အရာရှိ၊အရာခံ၊အကြပ်၊တပ်သား၊မိသားစုများက  မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်း များတွင် ရဟန်း/သံဃာများအတွက် ဆွမ်းဆန်၊ဆီ၊လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းလျက်ရှိရာ ယမန်နေ့က မဟာသုမေဓာရာမတောရကျောင်း၌ နေ့ဆွမ်း၊ဆွမ်းဆန်၊ ဆီနှင့်လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
Nov 19,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ မန်းရွှေစက်တော်ဘုရားကြီး၌ တန်ဆောင်မုန်း လပြည့် ယမန်နေ့ နံနက်ပိုင်းက ဘုရားကြီးပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပစေရေးအတွက် မန်းရွှေစက်တော် ဘုရားကြီး ဝန်ထမ်းများက စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး တန်ဆောင်တိုင် ရုံးပိတ်ရက် အတွင်း ဘုရားဖူးများနှင့် စည်းကားလျက်ရှိကြောင်း မန်းရွှေစက်တော်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။