အူပင် နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် အသက်(၁၂)နှစ်နှင့်အထက် အခြေခံပညာ အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့် ကျောင်းသား/ကျောင်းသူများအား ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံခြင်းကို အမှတ် (၄)ရပ်ကွက် တိုးရွှေဝါခန်းမတွင် ယနေ့နံနက် ၉ နာရီက စတင်ထိုးနှံပေးသည်။
မအူပင်မြို့နယ်အနေဖြင့် အခြေခံပညာကျောင်းပေါင်း ၃၂၂ ကျောင်းရှိပြီး အသက် (၁၂)နှစ်အထက် (၁၄၂၁၂)ဦးရှိရာ မြို့ပေါ်ကျောင်းများအား တိုးရွှေဝါခန်းမတွင် ဆေးထိုးစင်တာ ဖွင့်လှစ်ထားပြီး ကျေးရွာအုပ်စုအလိုက် ကျောင်းများအား တိုက်နယ်အလိုက် ဆေးထိုးစင်တာ ဖွင့်လှစ်ကာ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အဆင်ပြေစွာ ထိုးနှံနိုင်ရန် မြို့နယ်ကျန်းမာရေး ဌာနတာဝန်ရှိသူများနှင့် မြို့နယ်ပညာရေးဌာန တာဝန်ရှိသူများ သက်ဆိုင်ရာရပ်ကွက် ကျေးရွာ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများက ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ် ပညာရေးမှူးထံက သိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ်