အမြို့မြို့အနယ်နယ်သတင်းများ

Nov 18,2021
မွန်ပြည်နယ်၊ သထုံခရိုင်၊ ကျိုက်ထိုမြို့နယ်၌ တည်ရှိသော ဆံတော်ရှင် ကျိုက်ထီးရိုး စေတီတော်အား တန်ဆောင်မုန်းလပြည့်နေ့တွင် ဘုရားလာရောက်ဖူး မျှော်ကြသည့် ပြည်သူများ အေးချမ်းစွာဖြင့် ဘုရားဖူးကုသိုလ်ယူ စည်ကားလျက်ရှိကြောင်း တွေ့ရသည်။
Nov 18,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် တရုတ်စုရပ်ကွက်၊ တိုက်ကျောင်း ဘုန်းတော်ကြီးကျောင်းအတွင်းရှိ ရွှေကံကူဂုဏ်ရည်သာသနာ့ ဗိမာန်တော်ဓမ္မာရုံတွင် မြို့နယ်သံဃနာယက အဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ ဒုတိယအကြိမ် မိုးပေါ်ကျစုပေါင်းမဟာ ကထိန်အလှူကို ယနေ့ မွန်းလွဲ (၂)နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Nov 18,2021
မော်လမြိုင်ခရိုင်၊ လမိုင်းမြို့ ကော့ဒွတ်ကျေးရွာ တန်းဆောင်မုန်းလပြည့်နေ့ ကျိုက်မင်းဝရေလယ် ဘုရားပွဲတော်တွင် နှစ်စဉ်စည်ကား သိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ ဝါလကင်းလွတ်သီတင်းကျွတ် မီးထွန်းပွဲတော် အပါအဝင် တန်ဆောင်မုန်းလပြည့် (သာမညဖလ အခါတော်နေ့) မတိုင်မီ (အဖိတ်နေ့) နှင့် လပြည့်နေ့တို့တွင် ဆီမီးများ ထွန်းညှိပူဇော်ခြင်း၊ နံနက်အရုဏ်တက်ချိန် ရှင်ဥပ္ပရုတ္ထ မထေရ်မြတ်အား ဆွမ်းအိုးမျှော ကပ်လှူပူဇော်ခြင်းနှင့် ရိုးရာယဉ်ကျေးမှု ဓလေ့တစ်ခုဖြစ်သည့် အခါကြီး၊ ရက်ကြီး တွင် ဘုရားဖူးပြည်သူများ၊ ခရီးသွားပြည်သူများအား အာဟာရဒါန စတုဒီသာများဖြင့် ရပ်ကွက်/ ကျေးရွာလမ်းအလိုက်များတွင် ဧည့်ခံကျွေးမွေး ကုသိုလ်ယူကြသည်။
Nov 18,2021
ရှမ်းပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ စုပေါင်းမဟာဘုံကထိန် နေ့ဆွမ်းဆက်ကပ်ခြင်းကို ယနေ့ နံနက်(၁၀)နာရီက တောင်ကြီးမြို့ မူလမင်းကွန်းပရိယတ္တိစာသင်တိုက်၌ ကျင်းပ သည်။
Nov 18,2021
ကိုးရီးယားသမ္မတနိုင်ငံ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုဌာန၏ အထောက်အပံ့ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စွမ်းအားမြှင့်မီးဖိုများ ဖြန့်ဖြူး  ခြင်းစီမံကိန်း၏ ကျေးလက်ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ၂၀၁၉-၂၀၂၀ခုနှစ်တွင် ကျေးရွာသစ်လှုပ်ရှားမှု စံပြကျေးရွာ၏ စီမံကိန်း(၄၀)ရွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဘားအံမြို့နယ် ဝင်းဒရယ်ကျေးရွာအုပ်စု၊ ပျဉ်းကတိုးကုန်း ကျေးရွာတွင်လည်း စွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးခြင်းစီမံကိန်း (ICSP)ကျေးရွာသစ် လှုပ်ရှားမှု စံပြကျေးရွာ၏စီမံကိန်း အကောင်အထည် ဖော် ဆောင်ရွက်ပေးလျက်ရှိရာ ပျဉ်းကတိုးကုန်းကျေးရွာတွင် စွမ်းအားမြင့်မီးဖိုများ ဖြန့်ဖြူးခြင်း စီမံကိန်းကို ၂၀၁၉-၂၀၂၀ ခုနှစ်မှ စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ဒုတိယနှစ် ဝင်ငွေ တိုးပွားရေးကဏ္ဍ ချေးငွေထုတ်ပေးခြင်း အခမ်းအနားကိုတော့ ယမန်နေ့ နံနက်(၁၀)နာရီ အချိန် က ဝင်းဒရယ်ကျေးရွာအုပ်စု၊ ပျဉ်းကတိုးကုန်းရွာ၊ဓမ္မာရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
Nov 18,2021
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် နှစ်စဉ်မပြတ် ကျင်းပမြဲဖြစ်သော ဌာနဆိုင်ရာများ၏ စုပေါင်းမဟာဘုံကထိန် ကျင်းပ ခြင်းကို ယနေ့ မွန်းလွဲ ၁ နာရီက မယ်စဲ့မြို့ သီရိမင်္ဂလာရတနာသုခ (မြို့မ) ဘုန်းတော်ကြီးကျောင်း၌ ကျင်းပသည်။
Nov 18,2021
မွန်ပြည်နယ်၊ ကျိုက်မရောမြို့၏ သမိုင်းဝင်တန်ခိုးကြီးဘုရားတစ်ဆူဖြစ်သော ဆုတောင်ပြည့် ဘုရားကြီး၌ ယနေ့နံနက်ပိုင်းမှ စတင်ကာဘုရားဖူးလာပြည်သူများ၊ နံနက်စောစောပိုင်း၌ မသိုးသင်္ကန်းဆက်က ပ်လှူဒါန်းသူများ၊ဥပုသ်သီလဆောက်တည်ကြသူများ ၊အပန်းဖြေအနားယ ကြသူများနှင့် အထူးစည်ကားလျက်ရှိကြောင်း သိရသည်။