အမြို့မြို့အနယ်နယ်သတင်းများ

Nov 19,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို ချမ်းသာကြီး ကျောင်းဝင်းအတွင်း တည်ထားလျက်ရှိသော ရှင်ပင်ချမ်းသာကြီး စေတီတော်မြတ်ကြီး၊ အရံစေတီတော်များနှင့် စောင်းတန်းများအား တန်ဆောင်မုန်း လပြည့်နေ့ည ၆ နာရီအချိန်တွင် ဆီမီး ၃၀၀၀ ထွန်းညှိပူဇော်ခဲ့ကြောင်း ချမ်းသာကြီး ပရဟိတအဖွဲ့ထံမှ သိရသည်။
Nov 19,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊တောင်သာမြို့နယ်အတွင်းရှိ  ရပ်ကွက်များသို့  ဒေသခံပြည်သူ များအား    ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး  ထိုးနှံရေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန် ကလိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
Nov 19,2021
မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပြည်ကြီးတံခွန်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသော (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန(Community Centre) ခန်းမ တွင် ကျင်းပပြုလုပ်သည်။
Nov 19,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့၊ အနောက်ပိုင်းရပ်ကွက်ရှိ လောကမာန်အောင်မြတ်စွာ ဘုရားကြီးအား တန်ဆောင်မုန်း လပြည့်နေ့အခါသမယ ရပ်ကွက်နေပြည်သူများ စုပေါင်း၍ ဆီမီးတစ်ထောင် ကပ်လှူပူဇော်ပွဲကို ယမန်နေ့ ညနေ ၅ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း ပွင့်ဖြူမြို့ ၊ အနောက်ပိုင်းရပ်ကွက်မှ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဝင်းခိုင်ထံက သိရသည်။
Nov 19,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ တွံတေးမြို့ ကျက်သရေဆောင် ဆံတော်ခြောက်ဆူကိန်းဝပ် တော်မူသော ဆကေသာဓာတု ရွှေဆံတော်စေတီတော်မြတ်ကြီး၌ ကိန်းဝပ်တော်မူသော နှစ်ကျိပ်ရှစ်ဆူကုန်သော ဗုဒ္ဓရုပ်ပွားတော်များ မြို့တွင်းသို့ လှည့်လည်ပူဇော်ပွဲကို ယမန်နေ့ နေလယ် ၂ နာရီက ရွှေဆံတော်စေတီတော် မြတ်ကြီးမှ မြို့ပေါ်(၈)ရပ်ကွက်အတွင်းသို့ လှည့်လည်ပူဇော်ခံခဲ့ကြောင်း သိရသည်။
Nov 19,2021
ခရီးသွားပြည်သူများ သွားလာ‌ရေးအဆင်ပြေချောမွေ့စေရန်အတွက် ရန်ကုန်-မြိတ်-ရန်ကုန် လေကြောင်း  ခရီးစဉ်ကို နိုဝင်ဘာလ(၁၉)ရက်တွင် ပုံမှန်ခရီးစဉ်များအား ကျန်းမာရေးဆိုင်ရာစံ သတ်မှတ်ချက်များနှင့် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်နှင့်အညီ ပြန်လည်ပျံသန်းပြေးဆွဲ ပေးလျက်ရှိကြောင်း သိရသည်။
Nov 19,2021
  မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ပြည်သူများ နိုင်ငံသားတစ်ဦး၏ တရားဝင်မှု၊ နိုင်ငံသား အခွင့်အရေးနှင့် လူမှုစီးပွားဘဝ ပြည်စုံမှု ရရှိစေရေးအတွက် သတ်မှတ်ချက်နှင့် ကိုက်ညီသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့်အိမ်ထောင်စုလူဦးရေစာရင်းများကို ပြည်သူများ၏ လက်ဝယ်အရောက် အခမဲ့ပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက် ၁၀နာရီက ချောင်းဆုံကျေးရွာသို့ ကွင်းဆင်းပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြားများနှင့် အိမ်ထောင်စုလူဦးရေစာရင်းများ ပြုလုပ်ပေးခဲ့ကြောင်း သိရှိရသည်။
Nov 19,2021
ကော့သောင်းမြို့နယ် သံဃနာယကဥက္ကဋ္ဌ (မူလဒွာရ) ရွှေမင်းဝံပုညကုသလကျောင်းတိုက် မဟာဘုံ ကထိန် အလှူတော်အား ယမန်နေ့နံနက် ၉ နာရီက အဆိုပါကျောင်းတိုက်တွင် ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။