ကျုံပျော် နိုဝင်ဘာ ၁၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့အတွင်းရှိလမ်းများ သွားလာမှုကောင်းမွန်စေရေးအတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် တေဇရပ်ကွက်၊ တေဇ(၃) လမ်းအား ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါလမ်း ကွန်ကရစ်ခင်းခြင်းကို ပြည်သူများက ပေ (၁၂၀) တန်ဖိုး အကုန်အကျခံကာ စုပေါင်းထည့်ဝင်ပြီး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က အရှည်ပေ(၄၆၀) ထပ်မံခင်းမည်ဖြစ်သောကြောင့် စုစုပေါင်း အရှည်ပေ (၅၈၀) ခင်းမည်ဖြစ် ကြောင်း၊ လမ်း၏အကျယ်(၁၂)ပေဖြစ်ကာ ထု(၆)လက်မ ခင်းမည်ဖြစ်ကြောင်း သိရသည်။
ယခင်ရက်ကလည်း အဆိုပါ ရပ်ကွက်အတွင်းရှိ မစိုးရမ်ကျောင်းလမ်း အရှည်ပေ(၂၀၀)ကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ပြည်သူများစုပေါင်းကာ ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရသည်။
လပြည့်ဦး(ပြန်/ဆက်)