မန္တလေး နိုဝင်ဘာ ၁၉
မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပြည်ကြီးတံခွန်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့ ပူးပေါင်းကျင်းပသော (၁၀၁)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့အကြို ဟောပြောပွဲကို ယနေ့ နံနက် ၉ နာရီက မန္တလေးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန(Community Centre) ခန်းမ တွင် ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေး မှူး ဒေါ်မြင့်မြင့်သန်းက အမျိုးသားအောင်ပွဲနေ့ ဖြစ်ပေါ်လာပုံသမိုင်းကြောင်းနှင့် အမျိုးသားအောင်ပွဲ နေ့ ဦးတည်ချက်များ နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ထို့နောက် ပြည်ကြီးတံခွန်မြို့နယ် အမျိုးသမီးရေးရာအလုပ်အမှုဆောင် ဒေါ်ခင်မျိုးလွင်က အမျိုးသားကျောင်းများဖြစ်ပေါ်လာပုံနှင့် မျိုးချစ်စိတ်ဓါတ်ရှင်သန်ထက်မြက်ရေးအကြောင်းများအား ဆွေးနွေးဟောပြောသည်။
အဆိုပါ ဟောပြောပွဲသို့ မန္တလေးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများ၊ ပြည်ကြီးတံခွန်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ တာဝန်ရှိသူ များ၊ စာပေဝါသနာရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။
သန်းဇော်မင်း(ပြန်/ဆက်)