တောင်သာ နိုဝင်ဘာ ၁၉
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊တောင်သာမြို့နယ်အတွင်းရှိ ရပ်ကွက်များသို့ ဒေသခံပြည်သူ များအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရေးနှိုးဆော်ခြင်းကို ယနေ့နံနက်(၉)နာရီအချိန် ကလိုက်လံအသိပညာပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
အဆိုပါ နှိုးဆော်ချက်များတွင် ကိုဗစ်-၁၉ ရောဂါလျော့ပါးသက်သာစေရန်အတွက် ကျန်မာရေး ဦးစီးဌာနသို့သွားရောက်ပြသရန်၊ အသက်ကြီးတဲ့သူတွေ၊ နှလုံးရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှုလမ်ကြောင်းဆိုင်ရာရောဂါရှိတဲ့သူတွေ ကိုယ်ခံအားနည်းတဲ့သူတွေအတွက် ပိုပြီးအန္တရာယ်များကြောင်းနှင့်ရောဂါအကောင်းဆုံးကာကွယ်ဖို့နည်းလမ်းတွေကတော စနစ်တကျလက်မဆေးပဲ မျက်စိ၊ နှာခေါင်း၊ ပါးစပ်တို့ကိုလက်ဖြင့်ထိတွေ့ခြင်းမှရှောင်ကြဉ်ပါ၊ တက်နိုင်သလောက် မိမိလက်နဲ့မျက်နှာကိုမထိတွေ့စေဖို့သတိပြုပါ၊ သန့်ရှင်းလက်ဆက်တဲ့ အစားအစာကိုရွေးချယ်စားသုံးပါ၊အစားအသောက်များကိုကျက်အောင်ချက်ပြုတ်စားသုံးပါ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နဲ့တပြေးညီထုတ်ပြန်တဲ့ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ပေးကြဖို့နဲ့ ပြည်သူအားလုံးပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်တိုက်တွန်းနှိုဆော်ခဲ့ကြောင်းသိရသည်။
တောင်သာမြို့နယ် ရပ်ကွက်များသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရပ်ကွက် အုပ်ချုပ်ရေးများနှင့် ပူးပေါင်းဆောင်ရွက်၍ လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။
ကျော်မျိုးနိုင်(တောင်သာ)