ဝက်လက် နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်ဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတရစေရန် ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေး အစီစဥ်များကို စဉ်ဆက်မပြတ် ရိုက်ကူး ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က ကဗျာရွတ်ခြင်း အစီစဉ်တွင် စာပေးနှင့် ယဉ်ကျေးမှု ကော်မတီက ရေးသားပြုစုသည့် ကူညီတတ်သော ငှက်ကလေးပုံပြင်နှင့် ကြောက်စရာ ရောဂါကဗျာတို့နှင့် ယနေ့တွင် စာရေးဆရာ ညွန့်လှိုင်ဝင်း ရေးသားပြုစုသည့် နှလုံးသား ဥယျာဉ်ကဗျာ စာအုပ်နှင့် စာရေးဆရာ ပေါက်ပေါက် ရေးသားပြုစုသည့် စာနာ အလိုက်သိစွာ အတွေးအမြင် အနုပညာ စာအုပ်တို့ကို စာအုပ်မိတ်ဆက်ခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။
ဝက်လက်မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် စာဖတ် ပရိတ်သတ်များနှင့် ကျောင်းသား၊ ကျောင်းသူ၊ သားငယ် သမီးငယ်များအတွက် စာပေ ဗဟုသုတ ရရှိစေရန် ရည်ရွယ်၍ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများမှ Online မှတစ်ဆင့် သုတ၊ ရသစာပေများ မိတ်ဆက်ခြင်း အစီအစဉ် ဆေးရောင်ခြယ်ခြင်း အစီအစဉ်၊ ကဗျာရွတ်ခြင်း အစီအစဉ်၊ ဗဟုသုတ အစီအစဉ်၊ ကျန်းမာရေး အစီအစဉ်များကို ဝက်လက်မြို့နယ် စာကြည့်တိုက် Page မှ တစ်ဆင့် စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
စိုးစိုးလှိုင် (ဝက်လက်)