အတက်ရောဂါ စီမံချက်အကြောင်း အသိပညာပေး ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲကျင်းပ

ပြည် နိုဝင်ဘာ ၁၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့ ဒေသံသန္တရကျန်းမာရေးဦးစီးဌာန၌ ယနေ့ နံနက် ၉ နာရီခွဲအချိန်က အတက်ရောဂါ စီမံချက်အကြောင်း အသိပညာပေး ဆွေးနွေးပွဲနှင့် သင်တန်းဖွင့်ပွဲအခမ်းအနားကို ကျင်းပ ပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်း က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် ပြည်ခရိုင် ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ငြိမ်းငြိမ်းအေးက အတက်ရောဂါ စီမံချက်အကြောင်းနှင့် အတက်ရောဂါဆိုတာ ကူးစက်တတ်သော ရောဂါမဟုတ်ကြောင်း အတက်ရောဂါဖြစ်လာလျှင် ရှေးဦးပြုစုနည်းဖြင့် လူနာအား တင်းကြပ်နေသော အဝတ်အစားများလဲ၍ ဘေးစောင်းအနေအထားဖြင့် သက်တောင့်သက်သာနေစေပြီး အသက်ရှူ မှန်အောင် ပြုလုပ်ပေးရန်လိုကြောင်း အတက်ရောဂါဆိုတာ မကူးစက်ပေမဲ့၊ အယူအဆအမှားများ ဖြစ်သော လူနာလက်ထဲသို့ အတက်ကျစေရန်သော့ထည့်ပေးခြင်း၊ ကြက်သွန်နီကို ရှူစေခြင်း စသော အယူအဆမှားများ မလုပ်သင့်ကြောင်း၊ အတက်ရောဂါဖြစ်လာလျှင် လူတစ်ယောက်ခြင်း မိသားစု အတွက် အရေးကြီးကြောင်း ညွှန်ကြားထားသော အတက်ရောဂါ ဆေးပုံမှန်သောက်လျှင် ပျောက်နိုင် ကြောင်း သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသော သင်တန်းသားများအား ရှင်လင်းပြောကြား သည်။

ထို့နောက် တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည် ပြောကြားပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)