ပန်ဆောင် နိုဝင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပန်ဆောင်မြို့၌ ဒေသခံတောင်သူများမှ တစ်ပိုင်တစ်နိုင် အေလာဂျီ စိုက်ပျိုးရေး လုပ်ငန်းများအား မိသားစုဝင်ငွေ တိုးတက်ရေးအတွက် စိုက်ပျိုးလုပ်ကိုင် လျက်ရှိရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိကြောင်း သိရသည်။
ပန်ဆောင်မြို့တွင် မြို့ပေါ်၊ ရပ်ကွက်၊ ကျေးလက်ဒေသများရှိ ဒေသခံပြည်သူများသည် နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးရေး လုပ်ငန်းများကို စီးပွားဖြစ်စိုက်ပျိုး လုပ်ကိုင်လျက်ရှိပြီး သီးနှံများ စိုက်ပျိုးရာတွင် မိသားစုနေ့စဉ် ၀င်ငွေရရှိရေးအတွက် ဟင်းသီး၊ ဟင်းရွက်၊ စားပင်၊ သီးနှံများနှင့် ပန်းမျိုးစုံတို့အား အားထားစိုက်ပျိုး လုပ်ကိုင်ကြကြောင်း၊ အချို့တောင်သူများမှာလည်း အေလာဂျီ စိုက်ပျိုးရေး လုပ်ငန်းများ စမ်းသပ်စိုက်ပျိုး လျက်ရှိရာ အောင်မြင် ဖြစ်ထွန်းမှုရှိပြီး အေလာဂျီ တစ်ကီလိုလျှင် ငွေကျပ်(၇၀၀၀)နှုန်း ရောင်းချလျက်ရှိသဖြင့် မိသားစုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ဂျာယော်(ပန်ဆောင်)